P-3

7.3K 860 10
                                    

Part-3

ကုတင်စောင်းကိုမှီရင်း နိုင်းဆက်က သက်တောင့်သက်သာရှိနေပေမယ့် ဦးဇော်အောင် သက်ပြင်းတချချ.။ခါတိုင်း နိုင်းဆက် နေလေးမကောင်းတာတောင် မျက်နှာညိုလျက် အနားမှာတောက်တဲ့လိုတွယ်ကပ်နေတတ်သည့် သူပိုင်အောင်က ခုတော့ ဘယ်ရောက်နေမှန်းကိုမသိ.။ဖုန်းဆက်တော့လည်းမကိုင်။

“အများကြီးမဖြစ်သွားလို့လည်းတော်သေးတာပေါ့ နိုင်းဆက်ရယ်။”

“ခြေချင်းဝတ်လည်မလိုဖြစ်သွားရုံလေးပါ လေးလေးဇော်ရဲ့။ဘာမှမဖြစ်ပါဘူး။သူလေး အဲ့.. အောင့်ကို လည်းဆူမနေနဲ့နော်။သူ နေပြန်ကောင်းလာတော့ သွားစရာရှိတာတွေ သွားတာနေမှာပါ”

“မဟုတ်သေးပါဘူး။ခါတိုင်း မင်း ဒီလိုဖြစ်ရင် လေးလေး သား ဘယ်လောက်ပြာယာခတ်နေသလဲ မင်းအသိဆုံးပါ .”

အရင်က အဖြစ်တစ်ချိူ့ကိုပြန်တွေးရင် နိုင်းဆက် ရယ်သည်။ အိမ်ကလှေကားပေါ်ကနေ နိုင်းဆက်ခြေချော်ကျတော့ တစ်ခါ ခေါင်းပေါက်ဖူးသည်။လှေကားထ်ိပ်ရင်းက ရေတွေချော်နေသည်ကြောင့်ဖြစ်ကာ သန့်ရှင်းေ၇းလုပ်နေသည့် မိန်းကလေးကို သူလေး စိတ်ဆိုးလိုက်တာများ နိုင်းဆက်တောင် ဝင်မပြောရဲ။ ထိုကောင်မလေး မျက်ရည်တလည်လည်ဖြင့် တောင်းပန်တော့မှ နောက်ပိုင်းစိတ်အေးသွားသည့်အချိန် သူလေးကိုယ်တိုင်လည်း ပြောမိတာတွေအတွက် ထိုမိန်းကလေးကို စိတ်မကောင်းစွာ ပြန်လည်တောင်းပန်စကားဆိုခဲ့သည်။

သူလေး ဆိုတာ အဲ့လိုမျိူးဖြစ်သည်။

“လေးလေးဇော် ပြန်ရင် ပြန်လေ။အောင့်ကို ကျွန်တော်ပဲ ဖုန်းဆက်လိုက်ပါ့မယ်။ခြံချင်းကပ်ရပ်ပဲကို.”

“အေး--အေး -ဒါဆို ပြန်လိုက်ဦးမယ်။ညဘက် အဆင်မပြေရင် ဖုန်းဆက်လိုက်နော်.။မင်း အိမ်က အဒေါ်ကြီးကိုတော့သေချာမှာခဲ့ပေးမယ်”

ဦးဇော်အောင် ပြန်ထွက်သွားတော့မှ စားပွဲပေါ်က ဖုန်းလေးကို ယူကိုင်လိုက်သည်။ ဆေးခန်းဝင်ပြီး အိမ်ပြန်ရောက်ကတည်းက အောင့်ကို စာပို့ထားတာလည်း ပြန်မဖြေ.။အိမ်မှာလည်းမရှိ.။ဒီကောင်လေး ဘယ် သွား နေတာပါလိမ့်။
ဖုန်းထဲက နှစ်ယောက်သား ပုံလေးတွေပြန်ကြည့်ရင်း နိုင်းဆက် ပြုံးနေမိသည်။သူလေးက ဘယ်လောက်တောင်ချစ်ဖို့ကောင်း လိုက်သလဲ။သူလေးလို့သာ ခေါ်ချင်နေမိပေမယ့် ချစ်ရသူက အောင် လို့ခေါ်ဝေါ်ရင်းပညတ်ထားလေတော့ နိုင်းဆက်ခမျာ နာခံရလေတော့သည်။

ကိုယ့်အသက်-သူလေးTempat cerita menjadi hidup. Temukan sekarang