Part-7💙

757 105 3
                                    

Unicode Ver:

ထယ်ယောင်းတစ်ယောက် အပေါ်ရောက်တော့ ဒီနေ့သင်လိုက်သော စာများအား ပြန်ကြည့်နေမိသည်...မျက်လုံးကသာ စာကိုကြည့်နေတာ....စိတ်ကတော့ စာထဲမှာ မရှိ...
ထို့နောက်...

*Hyung မပြောပြတဲ့ မတရားမှုဆိုတာဘာလဲမသိဘူး ပီးတော့ ငါကငယ်သေးတယ်တဲ့ ပထမနှစ်တောင် ရောက်နေပီ Hyung ကတော့လေ ငါ့ကိုကလေးလို့ပဲမြင်နေတော့တာပဲ Hyungသိလား Hyungရဲ့ညီလေးကရည်းစားထားလို့တောင်ရနေပီလို့...*

တွေးနေရင်းနဲ့ အတွေးများကတခြားသူ တစ်ယောက်စီသို့....

*Jk ရော ဒီချိန် ဘာလုပ်နေမလဲမသိဘူး သူလည်းစာလုပ်နေမလား အာ ဒါပေမဲ့သူက ငါ့လိုစာဂျပိုးမှ မဟုတ်တာ မျောက်အုန်းသီးရတဲ့ရုပ်နဲ့..haha....*

ထယ်ယောင်းလည်း အတွေးများအား လက်စသတ်ကာ စာလုပ်ခြင်းသို့......

တစ်ဖက်ကJkကတော့ စာဆိုနေရင်းနဲ့ရေသောက်ကာ ရုတ်တရက်ရေသီးရသည့်အဖြစ်....ပါးစပ်မှလည်း

"ဟိုးအရင်တည်းကရေသောက်လာတာပါ ခုမှ လာသီးနေတယ် ငါ့ရဲ့ခင်ပွန်းလောင်းလေးများငါ့အကြောင်းတွေတွေးနေလားမသိ ဟိဟိ..."ဟူ၍သာ...

At Jin's sight,,,,

Jinတစ်ယောက် ထိုင်မရထမရဖြစ်နေသည်...အကြောင်းမှာ...

"ငါ Joonကို ဖုန်းဆက်ရင်ကောင်းမလား ဒါပေမဲ့သူငါ့ကို ဘယ်လိုမြင်သွားမလဲ ဒါပေမဲ့ငါသူ့ကိုအရမ်းသတိရနေပီ အသံလေးလည်းကြားချင်မိတယ် အားးjoon ရေ ခင်ဗျားကိုချစ်လို့ကျွန်တော် ရူးတော့မယ် သိရဲ့လား ငါဆက်ချင်တယ် သူအားပါ့မလား အားတယ်ပဲထားအုံး သူစိတ်ဆိုးမလား..အားးမသိတော့ဘူး"

ထိုအချိန် အခန်းထဲကိုဝင်လာသော အမေ...

Jin's Mom-ဟဲ့ သား ဘာဖြစ်နေတာလဲ အပြင်ကတောင်ကြားရတယ် ပွစိပွစိနဲ့ ဝင်လာတော့လည်း ဂဏာမငြိမ်ဘူး အမေ့ကိုပြော ဘာတွေဖြစ်နေတုန်း

Jin-မေမေ သားလေ အလုပ်တစ်ခုကို မလုပ်ရဲဘူး ဖြစ်နေတယ် လုပ်တော့မယ်ဆုံးဖြတ်လိုက်ရင် မလုပ်နိုင်တော့ပြန်ဘူး သားဘာလုပ်သင့်လဲဟင်....

Jin's Mom-အဲ့ အလုပ်က သားဘဝလောက် အရေးကြီးတယ်ဆို လုပ်ရမယ် ပီးတော့သားကယောက်ကျားလေးပဲ မလုပ်ရဲလို့မရဘူး ကြောက်နေလို့လည်းမဖြစ်ဘူးလေ ဒါနဲ့သားက ဘာအလုပ်မို့လို့လဲ...

The Mask(Completed)Where stories live. Discover now