Part-16💙

867 88 8
                                    

Unicode Ver:

ထယ်ယောင်းတစ်ယောက် ညစ်ပတ်တာတွေရှင်းပီးတော့ ရေမိုးချိုးလိုက်သည်...

ရေချိုးခန်းထဲကထွက်လာတော့ ကုတင်ပေါ်တင်ထားတဲ့ တီရှပ် အဖြူလေးကိုတွေ့တော့ စိတ်ထဲကြည်နူးမှုအပြည့်....

Flash back,,

At school Canteen,,

Jk-ထယ် မျက်လုံးမှိတ်

Tae-ဘာလို့လဲ ကိုကိုကလည်း

Jk-မှိတ်ပါ ပေးစရာရှိလို့...

Tae-ပီးရော ဗျာ

ထယ်ယောင်းလည်း မျက်စိမှိတ်ပေးလိုက်သည်....

Jk-ရပီ ပြန်ဖွင့်တော့

ထယ်ယောင်းမျက်စိ ပြန်ဖွင့်လိုက်တော့ သူ့ရှေ့တွင် ဖြန့်ထားသော တီရှပ် အဖြူလေး...

ရိုးရိုးသာမန် တီရှပ်ဟုထင်ရပေမဲ့ GUCCI ၏နောက်ဆုံးထွက်ကလေး ကျောပြင်မှာ GUCCIဆိုတဲ့ စာတန်းက အတိုင်းသားပါသည်...

Tae-ကို... ကိုကို

Jk-ကြိုက်ရဲ့လား ကိုကိုလည်း အသစ်ထွက်တယ်ဆိုတာနဲ့ ထယ်များကြိုက်မလားဆိုပီး ဝယ်ထားတာ

Tae-ကြိုက်တာပေါ့ ကိုကိုကလည်း ထယ်လိုချင်နေတာ မတတ်နိုင်လို့

Jk-ဟောဒီက ကလေးလေး ဘာလိုချင်ချင် ဒီကဘဲကြီးက ဝယ်ပေးမှာပေါ့ မပူနဲ့ လက်ညှိုးညွှန်ရာ GUCCI ဖြစ်စေရမယ် ဟဲဟဲ..

Tae-ကိုကို့ကိုနာမည်ပြောင်းခေါ်မယ်

Jk-ဘယ်လိုပြောင်းခေါ်မှာလဲ

Tae-GUCCI Koko...

Jk-ငိ့ ဘယ်လို...

Tae-မကြိုက်လို့လားဟင် မခေါ်တော့ပါဘူး မကြိုက်ရင်

Jk-ကြိုက်ပါတယ် ရုတ်တရက် အံ့ဩသွားလို့

Tae-ဟီးဟီး

Flash back end,,,,

ထယ်ယောင်းလည်း ထိုတီရှပ်လေးကို ဝတ်ချင်ဇောနဲ့ ဝတ်လိုက်မိသည် ထို့နောက် Jin Hyung ကိုဆေးထည့်ပေးရန် လိမ်းဆေးဘူးလေးအားယူ၍ ထွက်လာခဲ့သည် သူကထိလွယ်ရှလွယ်သူမို့ အကိုမသိအောင် ဆေးတွေဆောင်ထားခြင်း နို့မို့ဆို ကိုယ့်ကိုကိုယ်ဂရုမစိုက်ဘူး ဘလာဘလာ တွေ အပြောခံရမှာစိုး၍...

The Mask(Completed)Where stories live. Discover now