Part-1💙

2.7K 202 31
                                    

Unicode Ver:

မနက်စောစောစီးစီး Jin နှင့် Jk တို့အမေမှာ အာဗြဲနဲ့ အော်နေရသည်....

သူမယောက်ကျားနဲ့ကတော့ ကွဲသွားပီလေ မကောင်းမှုတွေကြောင့်ချမ်းသာနေပေမဲ့လည်း သူမက အမှန်တရားကိုသာလက်ခံသည် မို့လို့ ကွဲသွားခဲ့ခြင်း...

အဆိုးဆုံးကတော့ သူမယောက်ကျားသည် သူ့Company ကမသမာမှုများကို ဖော်ထုတ်ရန်ကြိုးစားသည့် ဝန်ထမ်းလင်မယားအား သတ်ပစ်လိုက်ခြင်းကြောင့်.....

သူမ ရဲကိုအကြောင်းကြားချင်ခဲ့သည် သို့သော်လည်း ကလေးတွေရဲ့ အဖေမို့လို့ သူ့လက်နဲ့ထောင်ထဲတော့ မရောက်စေချင်...ထို့ကြောင့်လည်း ကွာရှင်းခဲ့ခြင်းဖြစ်သည် ....

ကလေးတွေကတော့ ဘာမှ မသိ အပြစ်ကင်းလှသည်..အကြီးကောင် Jin ဆိုသည်မှာလည်း သူ့အဖေက နေရာပေးထား၍ ဒုတိယပိုင်ရှင်နေရာ၌ အလုပ်ဝင်နေသည် သူမ လက်ခံချင်သည်တော့မဟုတ်...သို့သော်လည်း သားအဖတွေတော့ စိတ်ဝမ်းမကွဲစေချင် ကလေးတွေကလည်း ဘာမှ မသိသည်မို့လို့ ဆက်သွယ်ခွင့်ပေးခဲ့သည်...သူမကတော့ ခပ်တန်းတန်း....

အခုလည်း နေကဖင်ထဲ ဝင်နေပီ အကြီးရော အငယ်ရော မထသေး... အကြီးကလည်း အလုပ်သွားရမည် အငယ်ကလည်းကျောင်းသွားရမည်လေ....

နောက်ဆုံးတော့ သူကပဲ မုဆိုးတစ်ပိုင်းမိန်းမရိုင်း အသွင်ဆောင်ကာ ...

Mom-Jk ...ကင်မ်ဆော့ဂျင်...ထစမ်း မျောက်နှစ်ကောင် နေဖင်ထဲဝင်နေပီ နင်တို့က အိပ်ကောင်းတုန်း...

အောက်ထပ်မှ ကုန်းအော်နေခြင်း....

သူ‌မတွေးမိပါသေးသည်...အကြီးကောင်ကလည်း ကလေးလိုပင် သူမအား အရမ်းချွဲသည် တစ်ခါတလေ သူက အကိုဆိုတာကို သတိရပုံမပေါ် သို့သော်ညီလေး အခက်အခဲဖြစ်ရင်တော့ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးပါသည် အမြဲတမ်းတော့ မျောက်ကလေးနှစ်ကောင် ထိန်းရသလိုပေါ့....

သူ ဒီလိုအော်နေသရွေ့ နိုးလာမည်မထင် ...
အပေါ်ထပ်သို့တက်သွားလိုက်ပီး...အငယ်ကောင် ကိုအရင်နိုးရသည် သူကကျောင်းသွားရမယ်လေ နဂိုတည်းက ငပျင်း လေးတိလေးတွဲ နှင့်မို့လို့ သူ့အကိုရဲ့ အခေါက်ကို ခံရမှာစိုး၍....

The Mask(Completed)Where stories live. Discover now