Part-4💙

972 121 9
                                    

Unicode Ver:

At 5:00pm,

Jin တစ်ယောက် ရုံးဆင်းဖို့ပင်မေ့နေသည့်အလား...‌အတွေးထဲနစ်မြောနေမိသည်...

*ငါ လူကြီးကို အပြန်မှာထပ်တွေ့ရရင်ကောင်းမှာပဲ ငါသူ့ကိုကြိုက်တာသူသိရင်အနေများခက်မလား အာ ဘာလို့ခက်ရမှာလဲ ငါ့လိုဝေါဝိုက်ဟန်းဆန်းကြီးကကြိုက်တာ ဂုဏ်တောင်ယူရအုံးမယ် အင်းလူကြီးရေ ကျွန်တော်တစ်သက်လုံး ထိန်းသိမ်းလာခဲ့တဲ့ မာနတွေလည်း လူကြီးရဲ့အပြုံးအောက်မှာ ပြားပြားဝပ်ခဲ့ပြီ ထင်ပါရဲ့...*

Hoseok တစ်ယောက် Jin ကိုအော်ခေါ်နေသည် ခေါ်နေတာကြာသော်လည်း သကောင့်သားကထိုင်ရာမထ သူပြောတာလည်းကြားပုံမပေါ် သူ့ကိုစိုက်ကြည့်ပီး ပြုံးပြုံးကြီးဖြစ်နေသည်...

စိတ်မရှည်စွာ ခုံကို ထုလိုက်တော့မှ....

Jin-အမလေးဘုရား...Kim Namjoon နဲ့ငါနဲ့ညား အိုက်စ့်

J hope-ဟမ် ဘယ်လို Hyung သူငယ်ချင်းကိုကြိုက်နေတာလား

Jin-အား Hope~ah သွားရအောင်လေ ယောင်တာပဲဟာကို နော် နော်

J hope- တစ်ခါမှ အက်လိုမယောင်ပါဘူး မှန်မှန်ပြော

Jin-ဟီး ဟုတ်တယ် Hyung နဲ့ Joon နဲ့ ဆော့နေတာကိုမြင်တည်းက သူ့ရဲ့အပြုံးအောက်မှာ ကျရှုံးသွားတာ ကျွန်တော် မြင်မြင်ချင်းချစ်တတ်ခဲ့ပီထင်တယ်

J hope-ဒီလိုမျိုးက ဖြစ်တတ်ပါတယ် ဒါပေမဲ့လေ ကိုယ့်သူငယ်ချင်းကိုနှိမ်ပြောတာတော့ မဟုတ်ပါဘူး Hyung တို့တွေ အခြေအနေနဲ့ဆို Jinလေး မိဘတွေက သဘောတူပါ့မလား

Jin-အဖေကတော့ ဘယ်တူမလဲ ဒါပေမဲ့ပြသနာမရှိဘူး အဖေနဲ့ကမေးထူခေါ်ပြော လောက်ပဲ ရှိတာလေ အမေကတော့ အဆင့်အတန်းခွဲခြားတာ မရှိလို့ ကျွန်တော်သေချာပြောပြရင် လက်ခံမှာပါ Hyung ရဲ့ လက်မခံလည်း ကျွန်တော် အားလုံးကိုစွန့်ပစ်ပီး Joon နောက်ကို တစ်ခါတည်းလိုက်ခဲ့မှာ အက်လောက်ချစ်တယ်

J hope-အင်းပေါ့နော် ဟမ်နေပါအုံး ဘာတဲ့ Joon ဟုတ်လား လူလေးကလက်တောင့်လောက်နဲ့....

Jin-ကျွန်တော်ခေါ်ချင်တဲ့ နာမ်စားလေးပါ Hyungရယ် နှစ်ယောက်တည်းရှိလို့ လွတ်လွတ်လပ်လပ် ပြောတာပါ  သူနဲ့ချစ်သူတွေဖြစ်သွားရင်တော့ အက်လိုခေါ်မှာပေါ့နော်....

The Mask(Completed)Where stories live. Discover now