ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက အဆင်မပြေဖြစ်နေကြတာကို ခင်ဗျား လက်ခံလား။
အရမ်းကိုမှ ပြည့်စုံကြွယ်ဝ ချမ်းသာနေတဲ့ သူတစ်ယောက်တောင်မှ လက်သည်းနီ အရောင်ရွေးရတာနဲ့ပတ်သက်ပြီး အဆင်မပြေဖူး ဆိုပြီးရှိကောင်းရှိပါလိမ့်မယ်။
အဲ့အဆင်မပြေမှုက ခင်ဗျားအခု ကြုံတွေ့နေရတဲ့ အဆင်မပြေမှုနဲ့စာရင် ရယ်စရာ တစ်ခုဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။
ဒါမဲ့ သူလည်း အဆင်မပြေဖြစ်နေတာပါပဲ။ခင်ဗျား အဆင်မပြေဖြစ်နေတဲ့အချိန်မှာ အဆင်ပြေပြေရှိနေတဲ့သူ တစ်ယောက်ကို သွားကြည့်မိရင်တော့ ခင်ဗျားက အပေါ်က ပြောထားတာကို လက်မခံနိုင်လောက်ဖူးပေါ့။
ဒါပေမဲ့ အပေါ်ကပြောထားတာက လိမ်တာမဟုတ်ပါဖူး။အမှန်တကယ်လည်း လူတိုင်းက အဆင်မပြေဖြစ်နေကြတာပါ။
အဆင်မပြေဖြစ်နေစေတဲ့ အကြောင်းအရာတွေက တစ်ယောက်နဲ့တစ်ယောက် တူမနေတာပဲရှိတာပါ။
ခင်ဗျား အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ ခင်ဗျား အနီးအနားပတ်ဝန်းကျင်ထဲက သူတစ်ယောက်က အရမ်းကိုအဆင်ပြေပြေရှိနေတယ်ဆိုရင် သေချာပါတယ် အဲ့ဒီသူ နဲ့ခင်ဗျားနဲ့က အဆင်မပြေဖြစ်နေကြနဲ့အချိန်ချင်းမတိုင်ဆိုင်လို့ပါပဲ။
အဲ့ဒီသူ အခုချိန်မှာ အရမ်းအဆင်ပြေပြေရှိနေတယ်ဆိုပေမဲ့ တစ်ချိန်ချိန်မှာ အဲ့သူလည်း အဆင်မပြေခြင်းတွေနဲ့ ကြုံရဦးမှာအသေချာပါ။
ကိုယ် ရှေ့ဖြစ်တော့ မဟောတတ်ဖူး။
ဒါပေမဲ့ အဲ့ဒီသူ အဆင်မပြေခြင်းတွေနဲ့ ကြုံရဦးမှာ၊ ရင်ဆိုင်ရဦးမှာဆိုတာကိုတော့ သေချာပေါက် မလွဲအောင်မှန်းရဲတယ်။အဲ့တာဆိုရင် အဆင်မပြေခြင်းတွေကနေ တိမ်းရှောင်ချင်လား။
ဒါမှမဟုတ်အပြီးတိုင်ကို ထွက်ပြေးချင်လား။
အဲ့တာဆိုရင်တော့ တစ်နည်းပဲရှိတယ်။
ခင်ဗျားရဲ့ ရုပ်နဲ့ခန္ဓာ ချုပ်ငြိမ်းသွားရင်တော့ အဆင်မပြေခြင်းတွေကနေ ခင်ဗျား လွတ်မြောက်သွားလိမ့်မယ်။
အဲ့လိုပြောလိုက်လို့ ခင်ဗျားရဲ့ ဘဝကို ခင်ဗျား အဆုံးသတ်လိုက်ဖို့စဉ်းစားနေလား။မလုပ်ပါနဲ့။ ခင်ဗျားမှာ နောက်ထပ် ဘာအဆင်မပြေခြင်းတွေ ထပ်ရှိလာနိုင်လဲဆိုတာ ခင်ဗျား စိတ်မဝင်စားဖူးလား၊ ရင်မခုန်ဖူးလား။
နောက်ထပ်လာမဲ့ အဆင်မပြေခြင်းတွေက ခင်ဗျားအတွက် အားအင်တွေလည်း ဖြစ်လာနိုင်သလို၊ ခင်ဗျားဘဝ တက်လမ်းအတွက် တွန်းအားတွေလည်း ဖြစ်လာစေနိုင်မယ်ဆိုရင် အဲ့အဆင်မပြေခြင်းတွေနဲ့ ခင်ဗျား မတွေ့ကြည့်ချင်ဖူးလား။