ျမဴေတြစိုင္းေနတဲ့ မနက္ခင္း....
ေအးစိမ့္ေနတဲ့ ရာသီဥတု.....
အျမင္အာရံုတစ္ခိ်ဳ႕ကျပတ္ေတာင္းေတာင္းရယ္ပါ
ကုိယ့္ကုိကုိယ္ဘယ္သူမွန္းေတာင္မသိခ်င္ေတာ့သလိုေအာ္....ဒါနဲ႔....မေန႔ညက အကိုနဲ႔အတူတူ႐ွိေနခဲ့တာပဲ
အဲ့တာတစ္ခုေတာ့အေသခ်ာသိေသးတယ္
ခါတိုင္းခါ ေအးစိမ့္ေနတတ္တဲ့ အိပ္ရာက
ဒီေန႔ေတာ့အေႏြးဓာတ္ေတြ႐ွိေနသလို
ေဘးနားက အကုိ႔ရဲ႕မ်က္ႏွာေလးကိုေသခ်ာစိုက္ၾကည့္မိတယ္
အကုိ႔ရဲ႕ႏႈတ္ခမ္းေတြကသိပ္လွတာပဲအကို
ၿပီးေတာ့ဒီမ်က္ခံုးေတြ ႏွာတံေလးနဲ႔
နဖူးျပင္က်ယ္က်ယ္ေလးေတြေရာပဲ
အကုိ႔ရဲ႕မ်က္ႏွာကို အေသးစိတ္ၾကည့္ရတာကလည္း ရသတစ္မိ်ဳးပဲအျဖဴေရာင္ အိပ္ရာခင္းတစ္ခုလံုးကလည္း
အနီေရာင္ေတြေရာေနပါ့လား
ၾကမ္းျပင္ေပၚမွာလည္း ပန္းအိုးကြဲစေတြ
ႏွင္းဆီအနက္ေတြကလည္း အနီေရာင္သမ္းခ်င္ေနပီ
အကုိ႔ရင္ဘတ္ေပၚက ေရႊအိုေရာင္ဓားေလးကၾကည့္ရဆိုးေပမဲ့
အနီေရာင္အရည္ေတြကေတာ့လွပေနပါတယ္
အကုိက ညီမအပိုင္......
စိတ္ခ်ပါ အကို့္အတြက္ေန႔တိုင္းႏွင္းဆီနက္ေတြထိုးေပးမယ္
ညီမကလည္း ညတိုင္းအကုိ႔ေဘးမွာအိပ္မယ္
အခုခိ်န္ေလာက္ဆို
အကုိ႔မိန္းကေလးကေတာ့
သတို႔သားေပ်ာက္႐ွာပံုေတာ္ဖြင့္ေနေလာက္ေရာေပါ့
စိတ္မပူနဲ႔ သူတို႔အကုိ႔ကို႐ွာေတြ႔မွာမဟူတ္ဘူး
ညီမက အကုိ႔ကုိ ႏွင္းဆီနက္ေတြနဲ႔အတူတူ လံုလံုျခံဳျခံဳ ဝွက္ထားတာမို႔__________
မြူတွေစိုင်းနေတဲ့ မနက်ခင်း....
အေးစိမ့်နေတဲ့ ရာသီဥတု.....
အမြင်အာရုံတစ်ခိျု့ကပြတ်တောင်းတောင်းရယ်ပါ
ကိုယ့်ကိုကိုယ်ဘယ်သူမှန်းတောင်မသိချင်တော့သလိုအော်....ဒါနဲ့....မနေ့ညက အကိုနဲ့အတူတူရှိနေခဲ့တာပဲ
အဲ့တာတစ်ခုတော့အသေချာသိသေးတယ်
ခါတိုင်းခါ အေးစိမ့်နေတတ်တဲ့ အိပ်ရာက
ဒီနေ့တော့အနွေးဓာတ်တွေရှိနေသလို
ဘေးနားက အကို့ရဲ့မျက်နှာလေးကိုသေချာစိုက်ကြည့်မိတယ်
အကို့ရဲ့နှုတ်ခမ်းတွေကသိပ်လှတာပဲအကို
ပြီးတော့ဒီမျက်ခုံးတွေ နှာတံလေးနဲ့
နဖူးပြင်ကျယ်ကျယ်လေးတွေရောပဲ
အကို့ရဲ့မျက်နှာကို အသေးစိတ်ကြည့်ရတာကလည်း ရသတစ်မိျုးပဲအဖြူရောင် အိပ်ရာခင်းတစ်ခုလုံးကလည်း
အနီရောင်တွေရောနေပါ့လား
ကြမ်းပြင်ပေါ်မှာလည်း ပန်းအိုးကွဲစတွေ
နှင်းဆီအနက်တွေကလည်း အနီရောင်သမ်းချင်နေပီ
အကို့ရင်ဘတ်ပေါ်က ရွှေအိုရောင်ဓားလေးကကြည့်ရဆိုးပေမဲ့
အနီရောင်အရည်တွေကတော့လှပနေပါတယ်
အကိုက ညီမအပိုင်......
စိတ္ခ်ပါ အကို့်အတွက်နေ့တိုင်းနှင်းဆီနက်တွေထိုးပေးမယ်
ညီမကလည်း ညတိုင်းအကို့ဘေးမှာအိပ်မယ်
အခုခိျန်လောက်ဆို
အကို့မိန်းကလေးကတော့
သတို့သားပျောက်ရှာပုံတော်ဖွင့်နေလောက်ရောပေါ့
စိတ်မပူနဲ့ သူတို့အကို့ကိုရှာတွေ့မှာမဟူတ်ဘူး
ညီမက အကို့ကို နှင်းဆီနက်တွေနဲ့အတူတူ လုံလုံခြုံခြုံ ဝှက်ထားတာမို့