__________
Unicode
ငှက်ကလေးတွေဟာ တေးသီနေတာမဟုတ်ပဲ၊
သစ္စာမရှိသူတွေရဲ့ အကြောင်းကို တီးတိုးရွတ်ဆိုနေတာဖြစ်ကြောင်း..။သစ်ရွက်တွေဟာ လေအဝှေ့မှာ လှုပ်ခတ်သွားတာမဟုတ်ပဲ၊
လက်ပြနှုတ်ဆက်နေတာဖြစ်ကြောင်း...။ကျွန်တော်ဟာ အကြောင်းမရှိခေါင်းကိုက်နေတာမဟုတ်ပဲ၊
ဦးနှောက်ကဆဲလ်သေတွေနဲ့ စိတ်ချင်းဆက်သွယ်နေတာဖြစ်ကြောင်း။ခင်ဗျားသိအောင် ပြောပြချင်သေးတယ်။