To You....

14 2 0
                                    




ကျွန်တော်ဟာ

အမှောင်ထုတွေကကြီးစိုးတဲ့အချိန်ဆို

____________

အရင်ကအပြာရောင်ကြိုက်တဲ့ကျွန်တော်က
ခင်ဗျားထားသွားတဲ့နောက်ပိုင်း
ကျွန်တော်နဲ့မတည့်တဲ့ အနက်ရောင်ကိုနှစ်သက်လာတယ်

အရင်ကပျော်ရွှင်မှုတွေပဲခံစားချင်တဲ့ကျွန်တော်က
ခင်ဗျားလမ်းခွဲသွားခဲ့တဲ့နောက်ပိုင်း
နာကျင်ခြင်းတွေကိုမှနှစ်သက်လာတယ်

အရင်ကဆောင်းရာသီကိုပဲချစ်တတ်တဲ့ကျွန်တော်က
ခင်ဗျားမရှိတော့တဲ့နောက်ပိုင်း
နွေဦးကိုပဲမျှော်နေမိတယ်

ခင်ဗျားကျွန်တော့်ဆီကထွက်ခွာသွားပြီးတဲ့နောက်ပိုင်း
ကျွန်တော်ဟာ
အမှောင်ထဲကနေလမိုက်ညကိုခိုးကြည့်ရတာဝါသနာပါလာတယ်

ကျွန်တော့် ကမ္ဘာမှာအလင်းတွေပျောက်ဆုံးပြီး
အမှောင်ထုတွေကကြီးစိုးတဲ့အခိျန်ဆို
ကျွန်တော်ဟာ မျက်ရည်တွေနဲ့မိတ်ဆွေဖွဲ့တယ်

ခင်ဗျားမရှိတော့တဲ့နောက်ပိုင်း......
အရာအားလုံးကပြောင်းလဲမသွားခဲ့ပါဖူး.....
ကျွန်တော်ကလွဲလို့ပေါ့.............

💙  Feelings Collection💙 Où les histoires vivent. Découvrez maintenant