" jennie ရော့ ကော်ဖီ chae နင်က ပေါင်မုန့်ဘဲစားမှာလား "
မနက်ခင်းစောစောမှာ lisa အလုပ်ရှုပ်နေသည်
ဆေးရုံသွားမယ့် chae အတွက်ရယ် lisa မှလုပ်မပေးရင် မနက်စာကိုအပြင်ထွက်စားမယ့် jennie ရယ်ကြောင့်"စားလို့ ရပါပီ ကြက်ဥလိပ်က"
"ဦးကအတော်ဆုံးဘဲ သိလား"
jennie ကပြောရင်း လက်မထောင်ပြသည်
chae ကတော့ jennie ပြောတာကို နားထောင်ရင်းပြုံးနေသည် တစ်ဖက်ကလည်း
လူနာမှတ်တမ်းတွေစစ်နေတာမို့
အစားကိုတောင်သိပ်အာရုံမရ"ဦး…"
"ဟင်"
အရင်တုန်းကတော့ဒီလိုခေါ်တာမကြိုက်ပေမယ့်
ကြာလာတော့ သိပ်မစိမ်းတော့သလိုခံစားရတယ်"jen ဒီနေ့ဦးနဲ့လိုက်ခဲ့မယ်လေ"
"ဘာလို့လဲ မင်းလည်းကျောင်းဖွင့်တော့မှာကိုစာတွေဘာတွေ ကြိုကြည့်ထားလေ"
"ဟာ……ဦးကလည်း"ဆိုပီး
ရှေ့မှာထိုင်နေရာကနေ ဘေးကိုလာရပ်သည်"--------"
"jen တို့ ဆိုတာငယ်ငယ် ကလို စာတွေကုန်းကျက်နေရတာမှာမဟုတ်တော့တာ
စာလိုက်နိုင်ရင်ပီးပီ ဦး အဲ့ဒါရောသိလား""အဲ့ဒါတော့သိပါတယ်"
"သိရင်ပြီးရော ဒါဆိုခေါ်သွားမှာလားပြော"
ချက်ချင်းဘဲပြောရင်းကိုယ့်လက်ကောက်ဝတ်ကို လာကိုင်တော့ လူကရှိန်းခနဲ ကိုယ့်အကြောင်းနောကျေနေတဲ့chae ကိုလှမ်းကြည့်တော့ သူ့အလုပ်သူလုပ်နေတာမို့
သက်ပြင်းခိုးချရင်း jennie မျက်နှာကို တည့်တည့်ကြည့်ကာ"ခေါ်သွားမယ် ခေါ်သွားမယ် ရပီလား"
"ပြီးရောလေ "လို့ ပြောပြီး
chae ဘေးသွားထိုင်ကာ မုန့်စားနေသည်
တချက်တချက် ဆို စားဖို့မအားတဲ့ chae ကို ကြက်ဥလိပ်လေးတူနဲ့ညှပ်ပီးခွံ့ခွံ့ကျွေးနေသေးတာခုတလောဆို သူတို့နှစ်ယောက်က သိပ်ကိုပူးလွန်းတာဘဲ tv ကြည့်လည်းတူတူ
အပြင်သွားလည်းတူတူ အို…ဘာတဲ့game တောင်တူတူဆော့ကြတယ်ဆိုဘဲ
ဘာဘဲဖြစ်ဖြစ် စိတ်ထဲတော့သဘောမကျတာအမှန်ဘဲ

YOU ARE READING
My Lovely Jennie [ JENLISA ]
Fanfictionချစ်တယ် ကလေး သေလောက်အောင်ကိုချစ်တာ jenlisa## chaesoo##