ခေါင်းက ငြီးစီစီဖြစ်နေပြီး မျက်လုံးတွေကခုထိမပွင့်နိုင်သေး မခံနိုင်တဲ့အဆုံး
ထထိုင်လိုက်တယ် ညကအဖြစ်အပျက်တွေကို တစ်ခုချင်းပြန်စဉ်းစားနေမိသည်"မင်းနိုးနေပြီလား"
အသံလာရာဘက်ကို လှမ်းကြည့်မိတော့
အရှည်ရှည်ရှည်နဲ့မိန်းမ
ခါးထိရှည်တဲ့တဲ့ဆံပင်တွေကို မြှောက်စည်း စည်း
ထားပြီး လက်ကျတီရှပ်အဖြူကို ခါးပတ်အမည်း
ပတ်ထားတဲ့ jeans အပြာနုနဲ့တွဲဝတ်ထားသည်
ရုပ်ရည်ကတော့မဆိုးပေါင်wait! ဘာလို့သူကငါ့အခန်းထဲရောက်နေတာလဲ
"ဒီမှာ ခင်ဗျားဘယ်သူလဲ ဘာလို့ကျုပ်အခန်းထဲဝင်လာတာလဲ"
အမ် ..?? သူ့အခန်းတဲ့ အတိတ်များမေ့သွားသလားမသိ
ကိုယ်ကတော့ ထိုအမူးသမများ ခေါင်းကိုက်နေမလားဆိုပြီး ဆိုင်သွားခါနီး ဝင်ကြည့်တာ ကုတင်ပေါ်မှာကြောင်တောင်တောင်နဲ့
အတွေး လွန်နေတဲ့ သူ့ကို နိုးနေပြီလားလို့မေးတာကို လူကို ကြောင်ကြည့်ပြီး
ပြူးတူးပြာတာနဲ့ရန်တွေ့နေတဲ့ ကလေးမ"မင်းဂေါက်သွားတာလား ဟမ် အခန်းကိုလည်းသေချာဝှေ့ပြီးကြည့်လိုက်ပါဦး
မင်းဘယ်ရောက်နေလဲဆိုတာ"သူပြောမှ သေချာကြည့်မိသည် ဟုတ်သားဘဲ
ငါဘယ်ရောက်နေတာဘာလိမ့် ?
သွားကို ဖြီးပြပြီး"ဟီး sorry jen မေ့သွားလို့ ဒါနဲ့လေ jen ဘယ်ရောက်နေတာလဲဟင်"
မျက်နှာချိုသွေးပြီး ပြောလာတဲ့ကလေးမကို
သက်ပြင်းချကာ"ကိုယ်က မင်းသူငယ်ချင်း jisoo ရဲ့အမ
lalisa မင်းတို့မနေ့ကမူးနေလို့……"ရုတ်တရက် ဖုန်းဝင်လာတာမို့စကားပြောတာရပ်လိုက်သည်
ကိုယ့်ဖုန်းလားလို့ ဟိုစမ်းဒီစမ်း စမ်းကြည့်လိုက်တော့မဟုတ်
အဲ့ဆို သူ့ဖုန်း…… ရှာနေသေးတာ
ဖုန်းကစောင်အောက်ရောက်နေသည်
တွေ့သွားပြီထင်ပါသည် ပျာတိပျာရာနဲ့ကောက်ကိုင်လိုက်ပုံက တကယ်ကိုဘဲ ပေါ့ပြက်ပြက်နိုင်သည်"ဟယ်လို oppa"
".........."
"ဟုတယ် ခေါင်းတေကိုက်နေတာ"

YOU ARE READING
My Lovely Jennie [ JENLISA ]
Fiksi Penggemarချစ်တယ် ကလေး သေလောက်အောင်ကိုချစ်တာ jenlisa## chaesoo##