ပုစဥ်းရင်ကွဲ
ခပ်ဝေးဝေးမှပုစဥ်းရင်ကွဲသံခပ်စူးစူးကိုကြားနေရသည် အချိန်ကား ည 2နာရီရှိပြီဖြစ်သော်လည်း နှင်းနွယ်တစ်ယောက်အိပ်လို့မရ လွန်လေခဲ့သော အတိတ်ကာလများက ချစ်ရသူပြောသော စကားများကိုပြန်ကြားယောင်နေဆဲပင်. . .
ထိုည လပြည့်ညဖြစ်သည့်အလျောက် ကောင်းကင်တစ်ခုလုံး လမင်းရဲ့အလင်းရောင်တွေနဲ့လွှမ်းခြုံထားကာပတ်ဝန်းကျင်တစ်ခုလုံးပုစဥ်းရင်ကွဲသံများဆူညံ၍နေလေသည်။ချစ်ရသူနဲ့ အတူ ညဘက် အပြင်ထွက်ဖူးသော ညလေးပင် . . .
သူတို့ရပ်နေသော နေရာသည် ဝါးတစ်ရာမြစ်ကမ်းဘေးတွင်ဖြစ်သည်။ညလေညှင်းက ဖြည်းညှင်းစွာတိုက်ခတ်နေကာ အရာအားလုံးက တည်ငြိမ်နေသယောင်ပင်...
"ပုစဥ်းရင်ကွဲတွေကသိပ်သနားစရာကောင်းတာသိလားငယ်"
"ဘာလို့လဲမောင်"
"သူတို့တွေက အခုလို အသံခပ်စူးစူးတွေကိုအော်ပြီး ရင်ကွဲပြီးသေကြရရှာတာ ဒါကြောင့်ပုစဥ်းရင်ကွဲလို့ခေါ်တာတဲ့"
"သနားစရာပဲ ဒါဆို ငယ်လည်း ပုစဥ်းရင်ကွဲတွေလိုပဲ မောင့်ကိုချစ်တဲ့ အကြောင်းတွေကို ရင်ထဲမှာသေသည့်တိုင်အော်ဟစ်မြည်တမ်းသွားမယ်"
"အဟား ခြွေနေလိုက် မောင့် အချစ်"
"ချစ်တယ်မောင် ဘယ်တော့မှမခွဲကြေးနော်"
"ဒါပေါ့ ငယ်ရဲ့ မောင်နဲ့ ငယ့်ကို ဘယ်သူမှနှောင့်ယှက်ဖျက်ဆီးလို့မရဘူး"
"ကတိနော် "
"ကတိဗျာ ကတိ"
ငယ်ရွယ် နုနယ်သေးသော ဆယ်ကျော်သက်အရွယ် တက္ကသိုလ်ကျောင်းသူလေးရတုနှင်းနွယ်။အရွယ်နှင့်လိုက်ဖက်အောင် နုနုနယ်နယ် ဖြူဖြူဥဥလေးဖြင့် ချစ်ဖို့အလွန်ကောင်းကာ အမြဲလိုတက်ကြွလန်းဆန်းနေသဖြင့်နှင်းနွယ်အား ချစ်သူတော်ချင်သူများပြားလှလေသည်။
ထိုသူတွေထဲမှ နှင်းနွယ် လင်းရာမှုန် အမည်ရှိမောင့်ကိုရွေးခဲ့ခြင်းဖြစ်သည်။နှစ်ဖက်လုံးမိန်းကလေးများဖြစ်ပြီးနှစ်ဦးသားချစ်ကြသော်လည်း မောင်သည် ရည်းစားပွေရှုပ်သူတစ်ယောက်ဖြစ်လေသည် ။သို့သော် နှင်းနွယ်ကိုသာအချစ်ဆုံးဟုဆိုလေသည်။ထိုစကားများကို နှင်းနွယ်ယုံကြည်ကာ မောင့်ကို အရာအားလုံးထက်ပို၍ယုံကြည်ချစ်မြတ်နိုးမိခဲ့လေသည်။
ထိုအချိန်က မောင်ပြောသော စကားများကိုသာ နှင်းနွယ်မယုံခဲ့ရင်. . . .
YOU ARE READING
My Little Pieces
Short Storyငါ့အထီးကျန်မှုတွေကိုကျိန်စာတစ်ခုအဖြစ်သတ်မှတ်ရင်အဲ့ကျိန်စာကိုပြယ်အောင်လုပ်ပေးနိုင်မယ့်သူကိုတော့ငါမမျှော်လင့်ရဲပေမယ့်မျှော်လင့်မိသေးသား.....