Loneliness

5 4 0
                                    


နေ့တိုင်းနေ့တိုင်းတစ်ပုံစံတည်းရှိနေတဲ့ပုံစံခွက်လိုလူနေမှုဘဝထဲမှာပဲနေနေရတာငြီးငွေ့ဖို့ကောင်းတယ်မဟုတ်လား။ငါတော့ငြီးငွေ့တယ်။ပြီးတော့အမြဲတမ်းအထီးကျန်တယ်။

ငါ့နာမည်Charm။ငါ့မှာ Single Momတစ်ယောက်နဲ့ ၈နှစ်အရွယ်အမေတူ အဖေကွဲမောင်လေးတစ်ယောက်ရှိတယ်။ ဘာလို့ ငါဒါတွေပြောပြနေလဲဆိုတော့ အဲ့လူတွေမပါရင်မပြည့်စုံလို့။ဆိုတော့ကားပိုပြည့်စုံသွားအောင်ငါ့ဘဝအကြောင်းကစပြောတာပေါ့။

ငါလူမှန်းမသိတတ်ခင်အရွယ်လေးကတည်းက ငါ့အဖေတီဘီရောဂါနဲ့ဆုံးသွားတယ်။အမေနဲ့ငါနှစ်ယောက်ထဲ ငါ့အဒေါ်တို့အိမ်နောက်မှာအိမ်လေးတစ်လုံးဆောက်နေကြတယ်။အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်‌ေထာင်ကျပြီးယောက်ျားမရှိတော့တဲ့ငါ့အမေက ငါ့ကိုလူကောင်းတစ်ယောက်ဖြစ်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ အလုပ်ထွက်လုပ်ရတယ်။ငါကတော့ငါ့အဒေါ်တွေနဲ့နေခဲ့ရတာပေါ့။ငါ့အမေအလုပ်ကအဝေးကြီးမှာ တစ်လတစ်ခါလား နှစ်လတစ်ခါလားမသိဘူးပြန်လာတယ်။ကျန်တဲ့အချိန်တွေကတော့ငါ့အဒေါ်နဲ့ငါ့အမတစ်ဝမ်းကွဲတွေနဲ့ပဲနေရတာပေါ့။

လူတွေကရယ်ရတယ်။ဒါပေမယ့်သူတို့လည်းလူသားပဲမို့အပြစ်မပြောပါဘူး။ငါ့ကိုမငြိုမငြင်စောင့်ရှောက်ထားပေမယ့်ငါသိတတ်လာတဲ့အခါပိုက်ဆံကြောင့်ဆိုတာကိုငါသိလာတယ်။ဘယ်လောက်ပဲညီမအရင်းဖြစ်ပါစေငွေကတော့မက်ကြတာပါပဲလေ။ဒီလိုပါပဲတစ်နေ့ပြီးတစ်နေ့တစ်ညပြီးတစ်ညအမေမရှိတဲ့အိမ်မှာငါတစ်ယောက်ထဲပဲ။

ငါအမေ့ကို‌ေန့တိုင်းမျှော်တယ်။ငါကျောင်းကပြန်လာတဲ့အချိန်တိုင်းအမေနဲ့ငါနေတဲ့အိမ်လေးမှာအမေများပြန်ရောက်နေပြီးငါ့များစောင့်နေမလားလို့ပေါ့။ဒါပေမယ့်ဘယ်တုန်းကမှငါမျှော်လင့်သလိုမဖြစ်လာပါဘူး။မျှော်လင့်တိုင်းဖြစ်မလာတာကိုငါတဖြည်းဖြည်းသဘောပေါက်တတ်လာတဲ့အခါငါအထီးကျန်လာတယ်။ငါမပျော်တော့ဘူး။

ဒီလိုပါပဲလူဖြစ်ရတာခက်ခဲတယ်လေ။အဲ့လိုနဲ့ပဲမကြာပါဘူးအမေငါ့ကို ငါ့အဒေါ်နဲ့မထားတော့ပဲ ငါ့အဖေရဲ့အမအကြီးဆုံးအိမ်မှာသွားထားတယ်။အဲ့တုန်းကငါ၂တန်းဖြစ်မယ်ထင်တယ်။သူတို့အိမ်မှာငါ့ကိုထားဖို့ အဲ့ခေတ်ကပိုက်ဆံ 30000ပေးရတယ်။ငါတစ်ယောက်နေဖို့အတွက်။စိတ်ချရတယ်။သေချာဂရုစိုက်တယ်။ပျော်ရတယ်။ဒါပေမယ့် ငါအထီးကျန်တုန်းပဲ။အဲ့တုန်းကတော့ကလေးမို့လို့ အထီးကျန်တယ်ဆိုတာကိုငါမသိပေမယ့်အခုငါပြန်စဉ်းစားတော့ငါအထီးကျန်နေခဲ့တယ်ဆိုတာငါသိလာရတယ်။

အချိန်တွေဘယ်နှလကြာမှန်းမသိဘူး။ငါလည်းငါ့ဘာသာငါဆော့လိုက်ပျော်လိုက်ပါးလိုက်ပေမယ့်ငါ့ကိုသူတို့အိမ်မှာထားရင်သူတို့သား၊သမီးပျက်ဆီးမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ငါ့ကိုခေါ်မထားတော့ဘူး။အဲ့ဒါနဲ့ပဲငါ့အမေအလုပ်နားပြီးအရင်ငါ့အဒေါ်တို့အိမ်နောက်ကအိမ်လေးမှာပဲပြန်နေကြတယ်။အဲ့ချိန်မှာပဲငါ့အမေအလက်ဂျစ်တွေအသည်းအသန်ဖြစ်ပါလေရောပေါ့။အိပ်ရာထဲကမထနိုင်တော့တဲ့အခြေအနေထိကိုဖြစ်နေချိန်မှာတောင် အမေက ငါ့အတွက်အမြဲစဉ်းစားခဲ့တယ်။သူသေသွားရင်ငါ့အတွက်နေစရာနေရာမရှိပဲဖြစ်လိမ့်မယ်ဆိုပြီးတော့ပေါ့။အဲ့လိုနဲ့ပဲသက်သာလာတာနဲ့ချက်ချင်းအလုပ်လုပ်ပြီးစုထားဆောင်းထားတဲ့‌ပစ္စည်းတွေကိုရောင်းချပြီးရွှေပြည်သာဘက်မှာခြံဝယ်ပြီးအိမ်ဆောက်လိုက်တယ်။

ရွှေပြည်သာမှာအိမ်ဆောက်ပြီးတော့အမေရယ်၊ငါရယ်အဲ့အိမ်လေးမှာနေခဲ့ကြတယ်။အမေကအလှပြင်ရတာငယ်ငယ်ထဲကအရမ်းဝါသနာပါတဲ့သူပြီးတော့အဲ့ပညာနဲ့ပတ်သက်ပြီးသင်တန်းတက်ထားပြီးCertifigateပါရထားတော့မင်္ဂလာဒုံမှာဆိုင်ခန်းငှားပြီး သူ့တူမတွေနဲ့အတူSloonလေးတစ်ခုဖွင့်တယ်။အဲ့ကရတဲ့ပိုက်ဆံနဲ့စီးပွားရေး‌ရော၊ငါ့ပညာရေးရောလည်ပတ်တယ်ပေါ့လေ။ဒါပေမယ့်ငါအတန်းကြီးလာတာနဲ့အမျှ ဒီဆိုင်လေးတစ်ခုထဲနဲ့မဖြစ်တော့ဘူးဆိုတာအမေသိလာတော့ထုံးစံအတိုင်းပဲငါနဲ့အဝေးကြီးမှာအလုပ်ထပ်လုပ်တယ်။

ဒီတစ်ခါတော့ငါ့ကို ဘယ်သူ့ဘက်ကအဒေါ်ဆီမှာမှမထားခဲ့တော့ဘူး။ငါ့အတွက်ဆောက်ထားတဲ့အိမ်မှာလဲငါမနေရဘူး။ငါ့အ‌မတွေနဲ့ထားခဲ့ရမှာစိတ်မချတဲ့အပြင်ငါ့ကျောင်းကလည်းမင်္ဂလာဒုံမှာပဲမို့လာရတာဝေးလို့ငါ့ကိုသူ့သူငယ်ချင်းအေးကြူဆိုတဲ့အန်တီကြီးအိမ်မှာထားခဲ့တယ်။

စစရောက်ချင်းသုံးရက်လောက်တော့ငါ့ကိုပျော်အောင်ထားပေမယ့်ကြာလာတော့ အေးကြူက ငါကိုငြိုငြင်လာတယ်။ငါကအဲ့တုန်းကအသက်9နှစ်လေငါဘာသိမှာလဲ။ငါပျော်ရင်ပျော်သလိုလွတ်လွတ်လပ်လပ်နေမှာပေါ့။အဲ့ဒါကိုTVကြည့်လည်းTVကြည့်လို့ဆော့တော့လည်းဆော့လို့နေရာတကာလိုက်ပြောတာပေါ့။

ထမင်းကျွေးတော့လည်းငါ့ကိုစစ်တပ်တွေထမင်းကျွေးသလို‌စကေးနဲ့။တဖြည်းတဖြည်းငါမပျော်တော့ဘူး။ထပ်ပြီးအထီးကျန်လာတယ်။အမေ့ကိုအရမ်းလွမ်းလာတယ်။သူလာပြန်ခေါ်မယ့်အချိန်ကိုပဲငါစောင့်နေခဲ့တယ်။ဒါပေမယ့်ငါငယ်ငယ်လေးထဲကစိတ်မရှည်တတ်ဘူးငါသည်းမခံနိုင်‌တဲ့အဆုံးတော့ ငါအဲ့အိမ်ကထွက်ပြေးလာခဲ့တယ်ငါတစ်ယောက်ထဲပေါ့။

My Little Pieces Where stories live. Discover now