အမေကအလုပ်ထွက်လုပ်ပေမယ့် မင်္ဂလာဒုံဈေးထဲမှာဖွင့်ထားတဲ့သူ့ဆိုင်လေးကိုတော့ သူ့တူမနှစ်ယောက်နဲ့လွှဲထားခဲ့တယ်။ငါနေရတဲ့အေးကြူအိမ်က ရာသက်ပန်မှာမင်္ဂလာဒုံဈေးကိုဖြတ်လမ်းကသွားရင်နီးတယ်ဆိုပါတော့။အဲ့ဖြတ်လမ်းကို ငါအစထဲကသိနေတော့အဲ့လမ်းကနေကျူရှင်တက်ပြီးအပြန်ငါထွက်ပြေးတာပဲ။
ကျောပိုးအိတ်တစ်လုံးနဲ့အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့။
အဲ့ခေတ်တုန်းကကလေးကုန်ကူးတာအရမ်းခေတ်စားတာကြောက်ရကောင်းမှန်းမသိတာလားဆိုရင်တော့ ငါကြောက်ပါတယ်ဒါပေမယ့်ငါကြောက်တဲ့စိတ်ထက်အဲ့အိမ်မှာမနေချင်တော့တဲ့စိတ်ကပိုကြီးစိုးနေလို့ငါထွက်ပြေးဖို့ကိုမတွန့်ဆုတ်ခဲ့ဘူး။ဖြတ်လမ်းအတိုင်းသွားရင်းနဲ့ပဲနောက်ဆုံးတော့ငါ ငါ့အမတွေရှိတဲ့အမေဖွင့်ထားခဲ့တဲ့ Sloonကိုရောက်သွားပြီး ငါ့အိမ်ကို ပြန်လိုက်သွားခဲ့တာပဲ။နောက်ပိုင်းငါရွှေပြည်သာကနေမင်္ဂလာဒုံကိုငါ့အမေတွနဲ့ကျောင်းတက်တယ်၊ကျောင်းပြန်တယ်။ပင်ပန်းပေမယ့်ငါ့အတွက်ဆိုပြီးအမေဆောက်ပေးထားတဲ့အိမ်မှာငါနေရတဲ့အတွက်ငါပျော်တယ်။သိပ်မကြာဘူးအမေပြန်လာခဲ့တယ်။ပြီးတော့ငါ့အမေရဲ့အမေ ငါ့အချစ်ရဆုံးငါ့အဘွားပါပါလာခဲ့တယ်။အဲ့အခိုက်အတန့်က ငါ့ဘဝမှာအပျော်ဆုံးအခိုက်အတန့်ပဲ။
ငါနေ့တိုင်းအဝေးကြီးကျောင်းတက်ကျောင်းပြန်လုပ်ရတာပင်ပန်းမှာစိုးလို့အမေကငါ့ကိုကျောင်းပြောင်းလိုက်တယ် ငါတို့အိမ်နဲ့နီးတဲ့ကျောင်း။မင်္ဂလာဒုံကဆိုင်ကိုလည်းဆက်မငှားတော့ပဲကျောင်းတဲ့နီးတဲ့နားမှာပဲ Sloonတစ်ခုထပ်ဖွင့်လိုက်တယ်။ငါ့အဘွားကတော့နောက်အိမ်ထောင်ရှိတာမို့ ဒီမှာနေလိုက်နေပြည်တော်ပြန်လိုက်ပါပဲ။အမေငါ့အတွက်အမျိုးမျိုးရုန်းကန်ခဲ့ရတယ်။
ငါ့အနားမှာအမြဲနေနိုင်ဖို့အတွက်ဆိုပြီး ငါလေးတန်းနှစ်မှာအမေနောက်အိမ်ထောင်ထပ်ပြုလိုက်တယ်။အမေအိမ်ထောင်ပြုပြီးမကြာဘူးငါ့အဘွားဆုံးသွားတယ်ဦးနှောက်သွေးကြောပျက်ပြီးတော့။
ငါ့ေမွးစားအေဖကတော့ငါ့အပေါ်အဖေတစ်ယောက်လိုကောင်းပါတယ်။ဒါပေမယ့်ငါ ငါးတန်းနှစ်မှာပဲ ငါတို့မိသားစုထဲကိုကလေးတစ်ယောက်ရောက်လာခဲ့တယ်။တိတိကျကျပြောရရင်ငါရဲ့အမေတူအဖေကွဲမောင်လေးပေါ့။
YOU ARE READING
My Little Pieces
Short Storyငါ့အထီးကျန်မှုတွေကိုကျိန်စာတစ်ခုအဖြစ်သတ်မှတ်ရင်အဲ့ကျိန်စာကိုပြယ်အောင်လုပ်ပေးနိုင်မယ့်သူကိုတော့ငါမမျှော်လင့်ရဲပေမယ့်မျှော်လင့်မိသေးသား.....