မနက်စောစောခြံတံခါးကို တဒုန်းဒုန်းထုနေသံကြောင့်ခက်နောင်အိပ်ရာကထကာအိမ်ရှေ့သို့လျှောက်လာခဲ့သည်။ မဟုတ်ရင်လည်း ထမဖွင့်မချင်း ဆက်ထုနေမည့်ပုံပင်။တခြားသူတော့မဟုတ် ခက်နောင်သူငယ်ချင်းဖြစ်သူရဲထက်ပင်။
မနက်စောစောစီးစီးဘာအကြောင်းကြောင့်လာမှန်းမသိ။ညကအိပ်မပျော်ပဲမိုးလင်းခါနီးမှအိပ်ပျော်သဖြင့်ခေါင်းကနောက်ကျိကျိ။ခြံတံခါးကိုဖွင့်လိုက်တော့မုန့်ထုပ်ပေါင်းများစွာကိုင်ပြီးရှိသမျှသွားအကုန်ဖြဲကာရပ်နေသောရဲထက်ကိုတွေ့ရသည်။
"ဘာလာလုပ်သူများအိမ်မနက်စောစောစီးစီး?"
"ဪ...ဒါကကိုယ့်အိမ်လာတဲ့ဧည့်သည်ကိုနှုတ်ဆက်တဲ့စကားပေါ့လေကောင်းပေစွကောင်းပေစွ"
"စောက်ပိုပြောမနေနဲ့ ဘာလုပ်မှာလဲ အိမ်ထဲဝင်မှာလားပြန်လှည့်မှာလား ဝင်စရာရှိတာဝင် အပေါက်ဝမှာတစ်မနေနဲ့စောက်လုပ်ရှုပ်တယ်"
ခက်နောင်ဒီလိုပြောသည်မှာရဲထက်အတွက်မဆန်းတော့။နှစ်တွေအကြာကြီးခင်လာကြတဲ့ငယ်သူငယ်ချင်းပေမို့ခက်နောင်အကြောင်းရဲထက်ကောင်းကောင်းသိသည်။ခက်ေနာင်အပြောရင့်ပေမယ့်သူငယ်ချင်းကိုခင်တွယ်တဲ့လူစားမျိုးဖြစ်သည်။
"မင်းမနက်စာဘာစားပြီးပြီလဲ"
"အခုမှနိုးတာ"
"ထမင်းမစားတာဘယ်နှရက်ရှိပြီလဲ ပိန်ညှောင်နေတာပဲ"
"Stop Body Shaming"
"ဟ့ Body Shamingလုပ်နေတာမဟုတ်ဘူးကွ မင်းကြည့်ရတာမျက်တွင်းမျက်စံချောင်နဲ့ ပိန်ညှောင်နေတာပဲ"
တစ်ဖက်က ဘာမှဆက်မပြောပေရေနွေးတည်ဖို့ရေနွေးအိုးထဲရေထည့်ခြင်းကိုသာပြုလုပ်နေလေသည်။
ခက်နောင်ဒီလိုဖြစ်သွားသည်မှာကြာပြီဖြစ်သည်။အရင်ကလိုအပြုံးအရယ်မရှိတော့။အမြဲတိတ်ဆိတ်နေတတ်ပြီးမျက်နှာသေနဲ့သာ။"ငါမုန့်တွေဝယ်လာတယ် ဗိုက်ဆာနေရင် စားပွဲခုံပေါ်မှာအီကြာကွေးရှိတယ် အဲ့ဒါအရင်စားထားနှင့် ငါပေါင်မုန့်ကြက်ဥကြော်လုပ်ပေးမယ်"
"အင်း"
ရဲထက်အမေးကိုပြန်ဖြေကာစားပွဲ၌ထိုင်ပြီးအီကြာကွေးတစ်ချောင်းကိုစိတ်မပါလက်မပါထိုင်ဝါးနေလေသည်။
ရဲထက်သိသည်။ဒီနေ့သည်တခြားနေ့တွေလိုမဟုတ်ခက်နောင်ချစ်ရတဲ့သူကိုလက်လွှတ်လိုက်တာတစ်လပြည့်တဲ့နေ့ပင်။
YOU ARE READING
My Little Pieces
القصة القصيرةငါ့အထီးကျန်မှုတွေကိုကျိန်စာတစ်ခုအဖြစ်သတ်မှတ်ရင်အဲ့ကျိန်စာကိုပြယ်အောင်လုပ်ပေးနိုင်မယ့်သူကိုတော့ငါမမျှော်လင့်ရဲပေမယ့်မျှော်လင့်မိသေးသား.....