မပြောင်းလဲသော

17 4 0
                                    

ကောင်းကင်ထက်မှပုဇွန်ဆီရောင်သန်းနေသော တိမ်တိုက်များကိုငေးကြည့်နေသောလူတစ်ယောက် ဆေးရုံအင်္ကျီကိုဝတ်ထားသော်လည်းနေစစ်ပိုင်သည် ရှင်းသန့်ခန့်ညားနေသည်။လွန်ခဲ့သော အတိတ်နှင့်ယနေ့မနက်ဖြစ်ခဲ့အကြောင်းအရာများကိုတွေးမိနေလေသည်။

လွန်ခဲ့သော 9နှစ်ကတွေ့ခဲ့သော ပုံရိပ်လေးသည် အပြောင်းအလဲကြီးမဟုတ်သော်ငြား ပြောင်းလဲ သင့်သလောက်ပြောင်းလဲခဲ့ချေပြီ။

လွန်ခဲ့သော 8နှစ်က 16နှစ်သား ၁၀တန်းကောင်လေးမှာ ယခုမူ 25နှစ်ယောက်ျားပျိုတစ်ဦးဖြစ်ကာမိမိတာဝန်ကျရာဆေးရုံ၌အလုပ်သင်ဆရာဝန်တစ်ဦးအဖြစ်ပြောင်းလဲခဲ့လေပြီ။

ထိုနည်းတူလွန်ခဲ့သော 9နှစ်က အသက်21နှစ်အရွယ်လူငယ်မှာလည်း ယခုမူအသက် 30အရွယ်သက်လတ်ပိုင်းအမျိုးသားတစ်ဦးပီပီတည်ငြိမ်ရင့်ကျက်မှုများအပြည့်ဖြင့်ခန့်ညားသောစီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေခဲ့လေပြီ။

သို့သော်မပြောင်းလဲသေးသောအရာတစ်ခုကားယခုချိန်ထိနူးညံ့စွာကျန်ရှိနေသေးသည်ပင်။ယနေ့နှင့်အတိတ်ကိုနှိုင်းယှဥ်ကြည့်သော်ကား....
9years ago
လူသွားလူလာနည်းသော ဝါးတစ်ရာမြစ်ကမ်းဘေး၌ အနက်ရောင်ကားတစ်စီးဘေးလေညှင်းခံနေသောလူနှစ်ဦးရှိနေသည်။တစ်ဦးမှာအရပ်ရှည်ရှည်အသားခပ်ညိုညိုဖြင့်ကြည့်၍ကောင်းသောအသွင်ရှိကာနောက်တစ်ဦးမှာထိုလူထက်ခေါင်းတစ်လုံးနိမ့်သော်လည်းမဖြူသော်ငြားဝင်းသောအသားအရေကြောင့်ဝတ်ထားသောနက်ပြာရောင်တီရှပ်လေးနှင့်လိုက်ဖက်လေသည်။တစ်ယောက်နှင့်တစ်ယောက်ဘာစကားမှမပြောဖြစ်တိတ်ဆိတ်၍သာအရှေ့မှဝင်လုနီးနီးနေလုံးကြီးကိုငေးစိုက်ကြည့်နေလေသည်။
"သခင်"
တိတ်ဆိတ်မှု့အားနေစစ်ပိုင်မှစတင်ဖြိုခွဲလိုက်လေသည်။
"အင်းပြော"

"လမ်းခွဲရအောင်"

မထင်မှတ်ထားသောစကားကိုကြားလိုက်ရသဖြင့်နေစစ်ပိုင်အားသခင်မယုံနိုင်သောအကြည့်များဖြင့်လှည့်ကြည့်ကာမေးလိုက်လေသည်

"ဘာအကြောင်းကြောင့်လဲ"

"ကိုယ်တို့ဒီတိုင်းဆက်သွားမယ်ဆို မင်းပညာရေးကိုထိခိုက်လာလိမ့်မယ်။ပြီးတော့ဒီလိုတွဲနေတာကသဘာဝကိုလွန်ဆန်နေတာမို့မင်းရောကိုယ်ရောအတွက်မကောင်းဘူး"

My Little Pieces Where stories live. Discover now