1

1.5K 50 1
                                    

Mew Suppasit Jongcheveevat ဆိုသောသူကိုမသိတဲ့သူမရှိ Thailand မှာသာမက နိုင်ငံခြားများတွင်မှာပါ ဒိတ်ဒိတ်ကြဲအောင်မြင်ကျော်ကြားနေသောလုပ်ငန်းရှင်တစ်ဦးသူ။ အလုပ်ချိန်တွင် အလွန်စည်းကမ်းကြီးသောသူ၊
​အလုပ်ကိုတိတိကျကျလုပ်ကိုင်သူ။ မျက်နှာပေါ်တွင်အရယ်အပြုံးဆိုသာမရှိ၊ စကားနည်းသူ လိုအပ်မှသာပြောဆိုလေ့ရှိသည်။မည်သူကိုမှမယုံကြည်ပါ။ Mew ကို  Companyတွင် CEOလို့ပဲ​​ခေါ်ကြသည်။
တည်ကြည်သောမျက်နှာထားကြောင့်လူတိုင်းသူ့အားကြောက်ကြသည်။ 
မိန်းကလေးများတွင်သာမက ယောကျာ်းလေးများတွင်ပါ ရေပန်းစားသူ ၊ သို့သော် အလုပ်တွင်ထဲသာ စိတ်ရောကိုယ်ပါနစ်ထားသောကြောင့် အချစ်ဆိုတာကိုမခံစားဖူးဘူး ။ သူ့အနားချင်းကပ်သူတွေရှိပေမဲ့ သူဂရုမစိုက်ချေ။
အချစ်ကိုမခံစားဖူးပေမဲ့ ဖူးစာစစ်၊ အချစ်စစ်ဆိုတာကိုသူယုံကြည်သည်။

မိခင်ဖြစ်သူက လက်ထက်ဖို့အကြိမ်ကြိမ်ပြောပေမဲ့ သူလက်မခံချေ။ သူချစ်သောသူနှင့်သာဘဝကိုဖြတ်တမ်းချင်သည်။ သူ့အချစ်တွေအားလုံးသူချစ်သောသူကိုသာပေးချင်သည်။ မိဘကို အားနာပေမဲ့ ဒါဟာသူဖြစ်ချင်သည့် ဆန္ဒ မလို့ မိခင်စီစဥ်​ ပေးသည့်မည်သည့်ကြင်ယာဖက်များကိုသွားမတွေ့ခဲ့ချေ။ " ချစ်တယ်" ဆိုသောစကားလုံးလေးကိုတစ်ဦးထဲကိုသာအကြိမ်ကြိမ်ပြောချင်သည်။

🌼🌼🌼🌼🌼

Sherry : သား ရုံးသွားတော့မလို့လား မနက်စာစားသွားအုံး

Mew: ဟုတ်မေမေ

Sherry: သားအလုပ်တွေလည်းအရမ်းဖိမလုပ်နဲ့အုံး ပြီးရင်သားကကိုယ့်ကျမ်းမားရေးကိုယ်ဂရုစိုက်သာမဟုတ်ဘူး။ သားလက်ထက်ပါတော့လား အသက်ကဖြင့်ငယ်တော့တာမဟုတ်ဘူး မေမေလည်းမြီးချီချင်နေပြီကွယ်။

Mew: သားကျမ်းမားရေးဂရုစိုက်ပါမယ် လက်တော့မထက်သေးဘူးမေမေ သားမချစ်တဲ့လူနဲ့အိမ်ထောင်ရေးမတည်ဆောက်ချင်ဘူး သားချစ်တဲ့သူနဲ့ပဲ တစ်ဘဝလုံးလက်တွဲသွားချင်သာကြောင့် နားလည်ပေးပါ။ ပြီးတော့သားအသက်က ၃၄နှစ်ပဲရှိသေးသာပါ။

Sherry: ဪ ၃၄ နှစ်ကငယ်လားသားရယ်။ အင်းပါမေမေအတင်းမတိုက်တွန်းတော့ပါဘူး ။ သားစိတ်ချမ်းသာရင်ပြီးရော။ (ငယ်သေးတယ် ဒယ်ဒီရေ🤣)

🤍 Definition Of Love 🤍 Or 🤍 Baby's-Breath Love 🤍Where stories live. Discover now