7

480 32 6
                                    

Kelly တစ်​ယောက်အ​တွေး​တွေများ​နေသည် ... Mew ကိုဘယ်လိုနည်းနဲ့သူ့အပိုင်ဖြစ်ရ​အောင်လုပ်ရမလဲဆို​ပြီး​တော့​ပေါ့။ Kelly Mewကိုစိတ်ဝင်းစားတယ် ၊ လိုချင်တယ် ။ တကယ်​တော့ သူမ Mew ကိုစိတ်ဝင်စားတယ်ဆိုတာထက် သူပိုင်ဆိုင်မှု​တွေကိုပိုစိတ်စား​နေတာ  .... Mew ရဲ့ပိုင်ဆိုင်မှု​တွေကမနည်း၊ သည့်အပြင်စီးပွား​ရေး​လောတွင်လဲဘုရားတစ်ဆူဖြစ်သလို သူကိုမည်သူမှယှဥ်လို့မရ​အောင်အထိအလုပ်​တွေကို​​တိတိကျကျနဲ့ဟကွက်မရှိ​အောင်လုပ်သည့်အတွက် သူနဲ့အလုပ်တွဲလုပ်ချင်သူများလာခဲ့သည် သူမတို့သားဖအပါအဝင်​ပေါ့။

Kelly ဘယ်လိုပဲအထာတွေ​ပေး​ပေး Mew၏လျစ်လျူရှုခြင်းကိုသာခံရသည်။ သူမလိုမိန်းက​လေးမျိုးလိုချင်​နေတဲ့​​ယောက်ျား​တွေများပုံလို့ အခု​တော့ သူကိုဂရုပင်မစိုက်​ပေ။ ​ဘယ်​လောက်ပဲ သူမအလှတရား​တွေကိုဖော်ပြပြီးမြူစွယ်စွယ် Mew က​​တော့သူမကို​အေးစက်စက်သာကြည့်၍နောက်အလုပ်ကိစ္စနဲ့ပတ်သက်ပြီးမရှိလျှင်မလာဖို့တားခဲ့သည်။ သူမလုံးဝမ​ကျေနပ် ... ဘာ​ကြောင့်သူမကို Mew စိတ်မဝင်စားရတာလဲ Mewဘယ်​လောက်ပဲတားတားသူမက​တော့လက်​လျော့ဖို့အစီစဥ်မရှိပါ .... အ​ရေးကြီးတာက Mew သူမအပိုင်ဖြစ်​လာဖို့ပင်။ ထို​နောက်တစ်ခုခုကို​တွေးမိသွားသည့်အလား သူမနှုတ်ခမ်းထက်၌​မဲ့ပြုံး​ ပြုံးလိုက်သည်။

🌼🌼🌼🌼

မနက်​နေ​ရောင်​​သည်မျက်နှာ​​ပေါ်ကျ​ရောက်လာပြီး ​သာယာစွာ​အော်မြည်​နေ​သောကြေးငှက်​က​လေးများ​ကြောင့် Mewအိပ်ယာမှနိုးထလာခဲ့သည်။ သူ​ရင်ခွင်ထဲတွင်​အေးချမ်းစွာစိတ်ချလက်ချ အိပ်​ပျော်​နေ​သော သူ့​ကြွေရုပ်က​လေးကိုကြည့်ပြီး ရင်ထဲကြည်နူးသွားသည်။ ဘယ်​လောက်​တောင်လှလိုက်သလဲ ​ဖောင်း​နေ​တဲ့ပါးနုနု​လေး​တွေ ၊ ဆူထွက်​နေ​တဲ့နီနီရဲရဲနှုတ်ခမ်း​လေး ၊ ​နေအ​လင်း​ရောင်​ဖြာကျမှု​ကြောင့် နဂိုဖြူဝင်း​နေတဲ့မျက်နှာ​လေးကပိုမိုဖြူဝင်း​နေတာ​ကြောင့် ဖက်နမ်းချင်စိတ်ကိုထိန်းထားရသည်။ 'လှလိုက်တာက​လေးရယ် .... ကိုယ်က​လေးငယ်ကိုအရမ်းချစ်မိနေပြီကွာ ' ။ Mew က​လေးငယ်နိုးသွားမှာစိုးလို့ ​လက်​မောင်း​ပေါ်ကခေါင်းလုံးလုံး​လေးကိုအသာ​လေး မ ကာ​ခေါင်းအုံး​ပေါ်တွင်တင်​ပေးပြီး ကိုယ်လက်သန့်စင်ကာ ​အခန်းထဲကထွက်လာခဲ့သည်။

🤍 Definition Of Love 🤍 Or 🤍 Baby's-Breath Love 🤍Where stories live. Discover now