11

366 17 9
                                    

Gulf : ဟင့်အင်း မထားသွားပါနဲ့ ..... ​မေ​မေ ! ​ဖေ​ဖေ ! အီးး ဟီးးး ​မေ​မေ!! မသွားပါနဲ့ သားကိုမထားသွားပါနဲ့ ​ဖေ​ဖေ .... ​ဖေ​​ဖေ မသွားပါနဲ့ ! သား​ကြောက် ... ​မေ​မေ ... ​ဖေ​​ဖေ ... မထားသွား .... ​မေ​မေ!!!

Mew : က​လေးငယ် ... က​လေးငယ် ထပါအုန်း ၊ ဒါအိပ်မက်တစ်ခုပဲ ဘာမှမ​ကြောက်နဲ့​နော် ဦးရှိတယ် က​လေး​ငယ်ဘေးမှာ ဦးရှိတယ် မငိုနဲ့​တော့ က​လေးငယ် မျက်လုံး​လေးဖွင့်ပါအုန်း က​လေးငယ်

Gulf : ဦးးး အီးးဟီးးးး ​​မေ​မေ ... ​ဖေ​ဖေ ထား ... ထားသွားတယ် သားကိုထားသွားတယ် ​​မေ​​မေနဲ့​ဖေ​ဖေ .... ထားသွားတယ် ဟင့်

Mew တို့အပြင်ဘက်မှာစကား​ပြော​နေကြတုန်း Gulf အိပ်ခန်းက​​နေ အော်သံ​နဲ့အတူငိုသံ​ကိုကြား​​လိုက်ရသော​ကြောင့် Mew တို့အားလုံးချက်ချင်းပင် Gulf အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။

သို့​ပေမဲ့ မြင်ရသည့်မြင်ကွင်းက အလွန်ရင်နာစရာ​ကောင်းလွန်းသည်။ အိပ်ရာထက်​တွင် အိပ်​မောကျ​နေတဲ့ Gulf ကိုယ်ခန္ဓာ​လေးဘယ်လိမ့်ညာလိမ့်ပြီးအော်ဟစ်ငို​​ကြွေး​နေသည်။

​တစ်ကိုယ်လုံးတသိမ့်သိမ့်တုန်ပြီးငို​နေတဲ့က​လေးငယ်ရဲ့ခန္ဓကိုယ်​လေးကို Mew အတင်းဖက်ထားလိုက်သည်။ သူကိုတွန်းကာအတင်းရုန်းပြီးငို​နေတာ​ကြောင့် Mew ​ကျောပြင်​လေးကို ပွတ်​ပေးကာ သူ​လေးအားအငိုတိတ်​စေပြီး သူမြတ်နိုးလွန်းတဲ့မျက်ဝန်းများပွင့်ဖို့အတွက် သူ​တိုးရှရှလေသံ​လေးဖြင့် ​တောင်းဆို​နေမိသည်။

Lèo နဲ့ White လည်း Gulf ၏ ငိုသံများနဲ့အတူ နာနာကျင်ကျင်​ပြောလာသည့် စကားများကိုကြားကာ ထပ်တူနာကျင်ရသည်။ ​ကောင်​လေးကအသက်ရွယ်နဲ့မလိုက်​အောင် နာကျင်မှုများစွာကိုထမ်းထားရသည်။ ​လောကဒဏ်ကို နာကျင်စွာခံယူရင်း အပြုံးမပျက်ဘဲ ​လျှောက်​နေရတဲ့ဘဝထဲ သူ့အ​ဒေါ်​ပြောလိုက်သည့်စကားများကြောင့် ​ကောင်​လေးဘယ်​လောက်​တောင် နာကျင်ခဲ့ရမလဲ။ ဘယ်​လောက်​တောင် ဝမ်းနည်းသွားခဲ့မလဲ။ ဘယ်​လောက်​တောင် ​ကြောက်လန့်သွားခဲ့မလဲ။ ဒါ​တွေကိုဂရုမစိုက်ဘဲ  သူ့​ဒေါ်​ပြောလိုက်သည့်စကားများက ရက်စက်စွာပင်...။

🤍 Definition Of Love 🤍 Or 🤍 Baby's-Breath Love 🤍Where stories live. Discover now