(Z&U)
ညမှောင်မှောင်အတွင်း ဟန်မြစ်ကတော့ တစ်သွင်သွင်စီး စင်းနေသည်။ သို့သော်သူမကတော့ ထိုမြစ်၏ စီးစင်းမှုဈန်ကို မရှုနိုင်ပါခြေ။ သူမဒီရောက်နေရခြင်းက စိတ်သက်သာရာ ရအောင်လို့ပင်။ သို့သော်ငြား ရင်ထဲပိုလို့ အောင့်လာတာကတော့ သူမလည်း မတတ်နိုင်.......။
သူမရင်တွေနာနေသည်။ ယနေ့က ချစ်ရသူရဲ့ dating new ထွက်တဲ့နေ့ပင်။ ချစ်ရသူကကန့်သတ်ထား တဲ့ အယ်ကိုဟောလ်ကို သူမထိကြည့်ဖို့ပင်မကြိုးစားမိပါခြေ။
ထို့ကြောင့် ပူနေသောအပူကို ဤမြစ်သို့လာဖြေသည်။ သို့သော်ငြားလည်း မထူးပါ ရင်နာနေတာကတော့ နာနေဆဲ.....။သူမသူ့ကိုချစ်ခဲ့သည်မှာ ၈ နှစ်တင်းတင်းပင်ပြည့်ပြီ။ သို့သော်ငြား ထိုလူကတော့ သူမအပေါ် မိသားစုဟုသာ သဘောထားသည်။ ထို့ထက်မပိုပါ......။ လူတွေရှေ့မှာ
ဟန်ဆောင်နေရပေမဲ့ ယခုတော့ သူမငိုခြမိသည်။ သို့သော် ငိုမရ။ မျက်လုံးနဲ့မြင်မြင်ထင်ထင် တွေ့ခဲ့ရတဲ့ သူတို့နှစ်ဦးရဲ့နမ်းနေတဲ့ ပုံရိပ်တွေ.....။ ဒါကြောင့်များ fan girl တစ်ချို့က idol ဘေးမှာအလုပ်လုပ်ဖို့ကို ပယ်ဖျတ်ခဲ့ကြသလားမသိ။ သူမသာရူးမိုက်စွာ ပိုးဖလံလို လောင်မြိုက်မှန်းသိသိရက်နဲ့ တိုးနေသလိုမျိုး....။
အခုတော့ သူမရူး၏.....။တီ တီ တီ
လာနေတဲ့ဖုန်းကိုလည်း မကိုင်ခြင် သို့သော်ငြား ကိုင်လိုက်ရလေသည်။ ဖုန်းကိုကြည့်တော့ ဟိုဆော့အိုပါး ရယ်။ ဘာအတွက်ခေါ်လည်းမသိပေ။ ဟိုဆော့အိုပါး ဖုန်းမြင်တာနဲ့ အတွေးထဲရောက်လာတာ ထိုလူပင်။ အင်း......ဘယ်အချိန်မှမလွတ်ပါလေ။ အချိန်တိုင်း သတိရနေပါရောလား...။
"ဟိုဆော့အိုပါး ဘာလို့လဲအရေးကြီးကိစ္စရှိလို့လား"
"ဆောင်းကဘယ်မှာလဲ"
တတ်ကြွနေတဲ့ ဟိုဆော့အိုပါးအသံကြောင့် သူမပါပေါ့ပါး လာသလိုပင်။ တကယ်ကို ဟိုဆော့အိုပါး အပျော်ကသူမကိုပါကူးစက်လေသည်။
"လေညှင်းခံနေတာ ဟန်မြစ်မှာ"
"အိုပါးတို့အကုန်သောက်ကြမလို့ ပါးပါးကော စတိုင်လ်လစ် တွေကောဆောင်းပဲ့နေတော့ဘယ်ကောင်း မလဲ ဒီနေ့ နန်းဂျွန် day လေ အဝကြွေးမယ်ဆိုလို့ လာခဲ့ ဂျာကြီးကိုလာခေါ်ခိုင်းလိုက်မယ်"
YOU ARE READING
IDOL