အတိတ်စာမျက်နှာများ(၁)

166 20 6
                                    

(Z&U)

"ချန်းမယ် ဥက္ကဋ္ဌကြီးခေါ်နေတယ်"

လမ်းကြုံဝင်ခေါ်သွားသော အမကြောင့်ကိုယ့်အခန်းကို ကြည့်နေရာမှ သူမပါးပါးဆီဦးတည်လိုက်သည်။ fan girl ဘဝကတည်းက ဥက္ကဋ္ဌကြီးအား ဘန်ပါးပါးကို အမြဲခေါ်သဖြင့် နှုတ်ကလည်းကျိုးနေခြေပြီ။ ပြင်မရတော့ခြေ။

"ကုမ္ပဏီ ကိုစဝင်တဲ့အတွက် ဂုဏ်ပြုပါတယ်"

"ကျေးဇူးတင်ပါတယ် ဘန်ပါးပါး"

မျက်ခုံးပင့်ပြလာတဲ့ ပါးပါးကြောင့် သူမသွားဖြဲပြမိသည်။
ရောက်ရောက်ခြင်း ပြန်ဖြုတ်ဆိုအလုပ်ပြုတ်ရမည် မို့ မျက်နှာချိုသွေးနေရသည်မှာအမှန်...။

"ဟီး...တစ်ချို့တွေ့အဲ့လိုခေါ်ကြတော့"

"ARMY လား..."

"ဘယ်ကသာ မဟုတ်ပါဘူး လုံးဝဘယ်သူ့ကိုမှ မကြိုက်ပါဘူး ဟီး ဆောင်းတစ်ဘဝလုံး စာနဲ့အလုပ် နပန်းလုံးလာခဲ့တာ ဘယ်သူ့ကိုမှမကြိုက်အားသေးပါဘူး   ဘန်ပါးပါးရယ်"

ပါးပါး စကားတောင်မဆုံးသေး
သူမ ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ ဆိုသလို ဘူးခါငြင်းလိုက်ရသည်။ တော်ကြာနေမှ မရမကကျစ်ကျုတ်ကြိုးစားထားတဲ့ အလုပ်လေးပါသွား မှာစိုးရပါ၏။ ထို့အပြင်ထိုလူသားနှင့် တွေ့ခွင့်လည်း တစ်သက်တာ ပိတ်သိမ်းသွားနိုင် လေသည်။

"ဟုတ်ပါပြီ ထားပါ အလုပ်ကိစ္စကို ပါးပါးဆီခွင့်တောင်း မနေနဲ့ မန်နေဂျာကိုပြောထားပြီး စာရင်းကော ဒီဇိုင်းကော ကိုယ်ပိုင်ပုံစံနဲ့ပြင်ဆင်ပါ တိကျတာလိုခြင်တယ်"

"ဟုတ်ကဲ့ပါးပါး ဆောင်းကြိုးစားပါ့မယ်"

"ကိုပိုင်ဆိုင်တစ်ခုလည်းရှိတယ်ဆို"

"ဟုတ်ပါတယ် ကျောင်းသူဘဝကတည်းက ဖွင့်ထားတာပါ ဒါမဲ့ အရမ်းရင်းနှီးတဲ့သူပဲ လက်ခံတာမို့ စိတ်ပူစရာမရှိပါဘူး"

"ဟုတ်ပါပြီ ဒီနေ့တော့ဒီလောက်ပဲ မန်နေဂျာဆီကလည်း ၁လအတွင်း အပြီးချုပ်ရမဲ့ အရေအတွက်ယူသွား ပြီးရင်
ကိုယ်တိုင်းတွေယူဖို့ လွတ်လိုက်မယ်"

"ဟုကဲ့ပါ ပါးပါး"

အရိုအသေပေးပြီး ပါးပါးရုံးခန်းက ထွက်လာမှ အသက်ဝဝရှူရသည်။ ဗိုက်ပူကတကယ်မလွယ်တာပဲ။
အပြင်ကမန်နေဂျာဆီက စာရင်းယူပြီး ကိုယ့်အခန်းကို ပြန်အောင်းနေရလေသည်။ တော်ကြာနေ အလိမ်တွေ ပေါ်ကုန်မှ ဒုက္ခတွေရောက်လိမ့်မည်လေ....။

IDOL Where stories live. Discover now