part 2

133 13 5
                                    

(Z&U)

လေညင်းလေးက တိုးတိုးလေး ပြောသွားတယ်
နင့်ချစ်သူ့ သိပ်ရက်စက်တယ်တဲ့......။

ငှက်ကလေးများက မကြားတကြားလေးပြောသွားတယ်
နင့်ချစ်သူ့နင့်ကို မုန်းတယ်တဲ့.....။

လွန်ခဲ့သောနှစ်ပေါင်းများစွာက သဘောကျခဲ့တဲ့ သီချင်းလေး..။ သူမ fan girl ဘဝတုန်းကတော့ အပြောင်အပျက်လုပ်ခဲ့ဖူးသည်။

လေညင်းလေးက တိုးတိုးလေးပြောသွားတယ်
ကင်နန်းဂျွန် နင့်လင်တဲ့....။

ငှက်လေးများက မကြားတကြားလေးပြောသွားတယ်
ကင်နန်းဂျွန်နင့်ကိုချစ်တယ်တဲ့...။

ဟုဆိုကာ ထိုသီချင်းကို အပြောင်ဆိုခဲ့ဖူး၏။ သို့သော်ငြား လည်း ယခုတွင်တော့ ထိုသီချင်းအတိုင်းပင်ဖြစ်နေလေ သည်။ ထိုသူက သူမအား မုန်းမမုန်းတော့ မသိပါခြေ။
မနှစ်မြို့တာကိုတော့ သူမစိတ်ထဲ အလိုလိုရိပ်မိပါရဲ့။

အိမ်ပြန်လမ်းက ယခုဆိုအက်အက်ကွဲကွဲပင်........။သူမကိုမနှစ်မြို့နိုင်သူကိုမှ ရူးမတတ်ချစ်မိနေတော့ လည်း မတတ်နိုင်ပေ။ ချစ်မိအောင်လည်း သူမ မစွမ်းခဲ့သလို မချစ်မိအောင်လည်း သူမ ပိုလို့ပင်မစွမ်း
နိုင်ပါခြေ။

အချစ်......သူမအဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဟဖူးသည်။ ရူးမတတ်ချစ်ရတဲ့သူမ ယခုတော့ဖြင့် ရူးမတတ်အောင် ကြေကွဲနေရသည်မှာ အစမ်းတော့မဟုတ်ပါခြေ။ အရင်က အသဲကွဲရင်မည်သို့ခံစားရလည်းဟု စူးစမ်းဖူး ခဲ့သေး၏။ ယခုမှာတော့ ထိုခံစားချက်ကို မုန်းမိလောက် အောင်ပင်ဖြစ်နေလေသည်။

"ဆောင်း ဥက္ကဌ ခေါ်နေတယ် ကိစ္စအရေးကြီးပုံပဲ"

"ဟုတ်ကဲ့အမဒါအင်း ဆောင်းအမြန်သွားလိုက်ပါ့မယ်"

ယိုင်နဲ့ခြင်နေတဲ့ ခြေလှမ်းတွေကို အရှိန်တင်၍ သွားလိုက်မိသည်။ ဝေဝါးနေတဲ့မျက်လုံးတွေက ငိုထား သည့်အရှိန်ကြောင့် ဘာကိုမှသိပ်မမြင်ရပါခြေ။

ဘုန်း

အင့်

မျက်ရည်တွေကို သုတ်ရင်း အပြေးအလွှားထူမည်ပြင် တော့ ထိုလူ့ရင်ခွင်ထဲ ငြီးတွားနေတဲ့ ယွန်းအားယာရယ် လေ။ သူမဝင်တိုက်မိတာ ထိုသူရဲ့ချစ်ရသူတဲ့လား။

IDOL Where stories live. Discover now