အတိတ်စာမျက်နှာများ(၂)

106 12 3
                                    

(Z&U)

"ဆောင်းရေ ဘာတွေလုပ်နေလဲ"

အခန်းထဲဝင်လာသော ဂျီမင်းအိုပါးကြောင့် သွားကိုအသာလေးဖြဲပြရင်း ဖက်ထုပ်ပူပူနွေးနွေးကို တွန်းပို့ရင်း လောကွတ်ချော်မိသည်။

"ချုပ်စရာရှိလို့ချုပ်နေတာ"

"မိန်းမအင်္ကျီကြီး နင်မဟုတ်မှလွဲရော နင့်ဆိုင်က ဟာတွေလား"

မုန့်နဲ့ဖားထားတာတောင် ပါးစပ်ကထွက်ဖြစ်အောင် ထွက်သည့် ဂျီမင်းအိုပါးကြောင့် သူမသွေးတတ်ရသည်။ ပါးပါးသာသိကြည့်ပါလား သူမကိုအသေသတ်မည့် ကိန်းပင်ဖြစ်လေသည်။

"အိုပါးကလည်း ဟဲဟဲ ဖက်ထုပ်စား ပူပူလေး"

"အော်နင်ကလာဖားနေတာကိုး ဒါမဲ့မရဘူး ခုဏကပဲ ဂျာလေးကနင်အားနေတယ်တဲ့ နင်ကအရင်က stylist
လုပ်ဖူးတယ်တဲ့ အဲ့ဒါကြောင့်နင့်ကိုခေါ်ခိုင်းလိုက်တာ"

သူမစားနေသော ဖက်ထုပ်ပင်နင်သွားရလေသည်။ ခပ်ဖြည်းဖြည်း ရေနဲ့မြောခြကာ ဒေါသပိစိလေးကို အရည်ဖျော်လိုက်ရလေသည်။ သူပလွန်ခဲ့တဲ့ရက်က ပင်ပန်းခဲ့၍ ယခုမှအနားရခြင်းကို ဂျာလေးကတော့ဟု ဒေါသထွက်သော်ငြား နန်းဂျွန်အိုပါးနှင့်တွေ့ရမည့် အရေးစိတ်လှုပ်ရှားနေမိလေသည်။

"ခဏလေးအိုပါး ရေချိုးဦးမယ်"

"အော် အေးမြန်မြန်လုပ်"

သူမက ၁ လမှာ ၁၄ ရက်လောက်ကတော့ ရုံးမှာပဲအလုပ်လုပ်ရင်း နေရသည်မို့ ရေချိုးခန်းရှိသည့် အခန်းအားရထားလေသည်။ တော်သေးသည်ဟုတွေး ကာရေမိုးအမြန်ချိုးရလေသည်။ ဂျီမင်းအိုပါးကတော့ room ကိုသွားနှင့်ခြေပြီ။

ရေမိုးချိုးပြီး ဆံပင်ထူထူကို အနက်ရောင် ခေါင်းစီးကွင်း လေးဖြင့်စီးကာ ဆံပင်ငုတ်စိတွေကိုဟိုတစ်စ ဒီတစ်စ ခြထားလိုက်လေသည်။ မျက်နှာပေါ်တွင်လည်း မိတ်ကပ် ခပ်ပါးပါးလူးကာ၊လိမ္မော်ရောင် eye shadow ကိုခြယ်သကာ နှုတ်ခမ်းနီလေးစိုးလိုက်လေ.သည်။

အနက်ရောင်အင်္ကျီပါးပါးကိုဝတ်ပြီး အနက်ရောင်ဂျင်း အကျပ်လေးကိုဝတ်၍ အလျှင်အမြန်ထွက်လာလိုက် လေသည်။ သူမဒီနေ့တော့ အတော်လေး ယုံကြည်မှုတွေ ပြည့်ဝနေပါရဲ့လေ။

IDOL Where stories live. Discover now