Unicode
"ကိုကို ဘာလို့ ကျွန်တော့်ကို လှည့်စားခဲ့ရတာလဲ"
"ကျွန်တော်တစ်ယောက်ထဲကိုပဲ ချစ်တယ်ဆိုပြီးဘာလို့ သစ္စာဖောက်ရတာလဲ"
"ကိုကိုက ကျွန်တော့်ကို တကယ်မချစ်ပါဘူး"
"မဟုတ်ဘူး...ဝမ်လေး"
အသံကုန် အော်ဟစ်ရင်း နိုးလာတဲ့ Xiaozhan က တစ်ကိုယ်လုံး မှာလဲ ချွေးတွေရွှဲလို့ရယ်။ နဖူးပေါ်က ချွေးစက်တွေကို လက်နဲ့ဖိသုတ်ပြီး အိပ်ရာဘေးက ရေဘူးကို ယူကာ ကောက်မော့ချလိုက်တယ်။ ရေကလဲ ရင်အပူကို မငြိမ်းနိုင်ပါဘူးလေ။စားပွဲပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံဘောင်လေးကို ယူကာ လွမ်းလွမ်းဆွတ်ဆွတ် ကြည့်လိုက်မိတယ်။
ဓာတ်ပုံထဲမှာ Xiaozhan ဟာ ရင်ခွင်ထဲက ကောင်လေးရဲ့ ရွှေဝါရောင်ဆံပင်တွေကို ငုံ့ကာ နမ်းနေတယ်။ ကောင်လေးကတော့ လျှာလေးထုတ်ကာ ပြောင်စပ်စပ်ပုံလေးနဲ့။
Xiaozhan က ဓာတ်ပုံ ထဲက ကောင်လေးမျက်နှာကို လက်နဲ့ဖွဖွ ပွတ်သပ်မိတော့ မျက်ရည်တစ်စက်က ဓာတ်ပုံပေါ် ကျလာသည်။"မင်း ကို အနားက နှင်ထုတ်ပြီးနောက် ကိုယ်က အိမ်မက်ဆိုးတွေ နဲ့ ညတိုင်း ရှင်သန်နေရတယ်...လွမ်းလိုက်တာ ဝမ်လေးရယ် "
..........................
ဆိုင်ထဲမှာ လူနည်းနည်းရှင်းနေတာနဲ့ Xiaozhan မုန်ဖုတ် တဲ့ အခန်းထဲမှ ထွက်ကာ အေပရွှန် ကို ချွတ်လိုက် ပြီး ph ကို ယူကာ အမြဲ ဝင်ကြည့်နေကြ weibo Accလေး ထဲသို့ ဝင်လိုက်သည်။
အင်း..ဒီနေ့သူ့ရဲ့ ဝမ်လေးက ပုံမှန်နေ့တွေလိုပဲ သူ့ကောင်လေးနဲ့ ပုံတွေ တင်ထားဦးမယ် ထင်ပါတယ်လေ။
မြင်လိုက်ရတဲ့ ပုံနဲ့ Caption ကြောင့် Xiaozhan ရင်ထဲ စိုးရိမ်စိတ်တွေ ဖြစ်လာသည်။
Sad & Tired ဆိုတဲ့ Caption နဲ့ ဝမ်လေး ထင်ထားသည့်ပုံကို မှိန်ပျပျ မီးရောင်အောက်ရဲ့စားပွဲတစ်ခုပေါ်က အရက်ခွက်ပုံ။
ဝမ်လေး ဘာတွေ ဖြစ်နေတာလဲ။"ဟဲ့..Wang Yiboလေ သူ့ကောင်လေးနဲ့ ပြတ်သွားပြီထင်တယ် နော်"
မလှမ်းမကမ်းက စားပွဲမှာ ထိုင်နေတဲ့ Customer ကောင်မလေးရဲ့ စကားမှာ ဝမ်လေးနာမည်ပါလာတာကြောင့် Xiaozhan နားစွင့် လိုက်မိတယ်။
YOU ARE READING
Because I still love you (Completed)
Short StoryPeople said me why I still care about the one who break up with me. The answer is. ..