Part-4

1.8K 217 2
                                    

ခေါင်းထဲက တဆစ်ဆစ်ထိုးကိုက်မှု့နဲ့အတူ Yibo နိုးလာခဲ့သည်။ ရင်းနှီးနေတဲ့ မြင်ကွင်းတွေမဟုတ်တာကြောင့် အလန့်တကြားထကာ အခန်းကို ဝေ့ဝဲကာ ကြည့်လိုက်တော့ ဟိုတယ်ခန်းတစ်ခု ဖြစ်နေမှန်း သိလိုက်သည်။ သူဒီကို ဘယ်လို ရောက်လာတာလဲ။ သူ့ကို ဘယ်သူခေါ်လာတာလဲ။ ညတုန်းက အရက်တွေမူးနေအောင်သောက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမမှတ်မိတော့။
အိပ်ရာ ပေါ် မျက်နှာမှောက်ချကာ အိပ်လိုက်တော့ ရင်းနှီးနေတဲ့ ရေမွှေးနံ့ ခပ်ဖျော့ဖျော့က နှာခေါင်းဆီ တိုးဝင် လာတာကြောင့် နှုတ်ဖျားက နာမ်စား တစ်ခုက မရည်ရွယ်ပဲ ထွက်သွားခဲ့တယ်။

"ရှောင်းကျန့်..ကိုကို..ကိုကိုလား"

မဖြစ်နိုင်တာ။ နှစ်တွေပဲ ကြာနေခဲ့ ပြီ။ အခုချိန်ထိ ဒီရေမွှေးနံ့ကို ရနေပြီး ဒီလူ့ကို တမ်းတနေမိတုန်းပဲ။ မဖြစ်နိုင်တာတွေ မတွေးစမ်းနဲ့ Wang Yibo။ သူက မင်းကို မချစ်လို့ စွန့်ပစ်သွားခဲ့တာ။ အခုချိန်ဆို မင်းကို မေ့နေပြီး သူ့မိသားစုနဲ့သူ ပျော်နေလောက်ပြီ။

ကိုယ့်ကိုကိုယ်ဆုံးမကာ ထိန်းလိုက်ပေမယ့် ရင်ထဲနာကျင်မှု့နဲ့အတူ မျက်ရည်တစ်စက်က မရည်ရွယ်ပဲ ပါးပြင်ပေါ် ကျလာတယ်။

ခင်ဗျားက အခုထိ ကျွန်တော့်ကို ဒဏ်ရာတွေပေးတုန်းပဲ ရှောင်းကျန့်ရယ်။

................

အတိတ်

ကိုကိုလို့ ရိပေါ် အမြတ်တနိုးခေါ်ခဲ့တဲ့ ရှောင်းကျန့်နဲ့ စတွေ့ခဲ့တာ ရိပေါ် အသက်ဆယ့်ရှစ်နှစ်အရွယ်။ ဆံပင်ရွှေဝါရောင် မျက်နှာနုနုလေးနဲ့ ရိပေါ်က အဲ့အချိန်တုန်းက Entertainment မှာ Training ဆင်းနေတဲ့ လူငယ်လေးပေါ့။ ရှောင်းကျန့်က Entertainment ရှိတဲ့ လမ်းထိပ်က ပေါင်မုန့်ဆိုင်လေးမှာ အလုပ်လုပ်တဲ့သူ။
အဲ့ပေါင်မုန့်ဆိုင်လေးမှာ ရိပေါ်က မုန့်သွားသွားစားရင်း ရှောင်းကျန့်နဲ့ ရင်းနှီးခဲ့တာ။
နှုတ်ခမ်းအောက်က မှဲ့လေးနဲ့ ရှောင်းကျန့်က ပြုံးကာ သူ့ကို ကြည့်လိုက်တိုင်း ဆယ်ကျော်သက် ဝမ်ရိပေါ် လေးခဗျာ ရင်ထဲ ဖိုးသိုး ဖက်သတ်တွေ ဖြစ်ပြီး ရင်တွေ ခုန်ရတာပေါ့။
ရင်းနှီးမှု့တွေနဲ့ သံယောဇဉ်တွေကနေ တစ်ဆင်​့ ရှောင်းကျန့်ရဲ့ မျက်ဝန်းတွေမှာ သူ့အတွက် ချစ်ခြင်းတွေကို တွေ့ခဲ့ရပေမယ့် ရှောင်းကျန့်က ဖွင့်မပြောခဲ့ဘူး။ကြာတော့
ကြိတ်ကြိက်နေရတဲ့ ရိပေါ် လေးဟာ စိတ်မရှည်တော့ဘူး။ သူ့ကို တိတ်တိတ်လေး ကြိုက်ပြီး မပြောတဲ့ အစ်ကို ကြီးကို ရိပေါ် ကပဲ အရင်စပြောခဲ့တာ။
မှတ်မိသေးတယ်။ အဲ့နေ့က မိုးတွေရွာနေခဲ့တယ်။ ထီးမပါတဲ့ ရိပေါ် က ရှောင်းကျန့်ကို Entertainment ဆီ ပြန်လိုက်ပို့ ခိုင်းရင်း လမ်းမှာ ဖွင့်ပြောခဲ့တာ။

Because I still love you (Completed)Where stories live. Discover now