Part- 1

3.5K 340 12
                                    

အဖြူနဲ့ အမည်းကိုသာ အသုံးပြုပြီး Decoration လုပ်ထားတဲ့ Coffeeဆိုင်လေး ကရိုးရိုး ရှင်းရှင်းလေးနဲ့ လူတွေကို ဆွဲဆောင်နေသည်။ ဆိုင်လေးထဲမှာ လွှင့်ပျံ့နေတဲ့ ပေါင်မုန့် နံ့မွှေးမွှေးလေးလဲ အနံ့ရရုံနဲ့ စားချင်စိတ်ကို ဖြစ်ပေါ်လာစေသည်။

"ပြီးသွားရင် ထုတ်လိုက်တော့နော်"

Xiaozhan က ဂျုံ တွေ ပေနေတဲ့ အေပရွှန် ကို ချွတ်ကာ အကူဝန်ထမ်းလေးကို ပြောလိုက်သည်။

"အနံ့လေးနဲ့တင် စားချင်လာတာဗျာ..ဒါကြောင့် Bossကိုယ်တိုင်ဖုတ်ပြီး ရောင်းတဲ့ ပေါင်မုန့်ဆို လူတွေက အရမ်းကြိုက်ကြတာကိုး"

Xiaozhanက ဘာမှ မပြောပဲ အပြုံးနဲ့သာ တုံ့ပြန်လိုက်သည်။

"Bossကလဲ စေတနာပါတာကိုး.ဆိုင်ပိုင်ရှင်ဖြစ်နေတာတောင် အခုတောင် ကိုယ်တိုင် ပေါင်မုန့်ဖုတ်နေတုန်း"

"ကဲ...တော်ပါတော့ ကွာ..မမြှောက်ပါနဲ့တော့လကုန် ရင် Bonusပေးမယ် ဟုတ်ပြီလား"

"အဟီး..မြှောက်ပြောတာ မဟုတ်ပါဘူး..တကယ်ပြောနေတာ..ပေးတော့လဲ ယူရတာပေါ့"

Xiaozhan က ခေါင်းရမ်းကာ ပြုံးလိုက်ပြီး ကောင်တာကို ထွက်လာခဲ့သည်။ ဆိုင်ထဲမှာ လူများနေတာကြောင့် အားလုံးအလုပ်ရှုပ်နေကြသည်။

"ဟာ..Boss.. ကူညီပါဦး ဗျာ..ဒီမှာ ကိတ်မုန့် Orderလေး လက်ခံပေးပါဦး..ကျွန်တော် အလုပ်ရှုပ်နေလို့"

"အင်း..အင်း"

Xiaozhan က ခေါင်းညိမ့် ကာ အရှေ့က သားအမိနှစ်ယောက် ဖြစ်ဟန် တူသော မိန်းကလေး နဲ့ ကလေးလေးကို ပြုံးပြလိုက်ကာ..

"ကိတ်မုန့်ကို ဘယ်လို Design နဲ့ Orderချင်တာလဲဗျ"

Xiaozhan အမေးကို မိန်းကလေး က ပြန်ဖြေမည်အလုပ် ကလေးလေးက သူမလက်ကိုဆွဲကာ

"မား..ဝက်ရုပ်ယေး..ပန်း ရောင်ဝက်ကယေး ပုံစံယေး..လိုချင်တယ် "

ထိုစကားကြောင့် Xiaozhan နှုတ်ခမ်း က အပြုံးတွေ ပျောက်ကွယ်သွားသည်။

"ဟာ...ကိုကို...ဘာလို့ မွေးနေ့ကိတ် က ဝက်ရုပ်ကြီးလဲ..မကြိုက်ဘူးဗျာ"

"ကိုယ့် ဝမ်ကလေး က ဝက်ကလေးနဲ့တူလို့လေ"

"ကျွန်တော် က ဝက်မဟုတ်ဘူးနော်..ခြင်္သေ့ပေါက်လေး"

Because I still love you (Completed)Tempat cerita menjadi hidup. Temukan sekarang