Part-5 (Ending)

2.8K 260 2
                                    

အမည်ခံ ရည်းစား က မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာကို ကြည့်ပြီး ရိပေါ်က လှောင်ကာ ရယ်မိတယ်။ ဒီတစ်ယောက်ကိုလဲ သူ့ကို တကယ်မေ တ္တာစစ်နဲ့ ချစ်တယ်လို့ ထင်ခဲ့ပေမယ့် အမှန်က သူ့မိသားစုရဲ့ စည်းစိမ်တွေကို မက်မောလို့ ချဉ်းကပ် လာတယ်ဆိုတာ နောက်မှသိခဲ့ရတယ်။

"ရိပေါ်...အင်္ကျီသွားဝတ်တော့လေ..ကိုယ့်သတို့သားလောင်းလေး ဘယ်လောက် ချောနေမလဲဆိုတာ ကိုယ် မြင်ချင်နေပြီ"

ထိုလူ့စကားကြောင့် ဆိုင်က ဝန်ထမ်းတွေက အားကျသည့် အကြည့်ဖြင့် ကြည့်လာသည်။ ရိပေါ် က သူ့ခါးတွေကို ဖက်တွယ်ကာ ဟန်ဆောင် ကြင်နာပြနေတဲ့ ထို့လူ့အနား ကပ်ကာ

"စောက်ပိုတွေသိပ်မလုပ်နဲ့"

ပြောပြီးခါးပေါ်က လက်ကို ဖြုတ်ချကာ ထွက်လာခဲ့လိုက်သည်။ အချစ်မပါတဲ့ လက်ထပ်ပွဲအတွက် စောက်လုပ်ရှုပ်ခံပြီး သတို့သားဝတ်စုံ လာရွေးနေရတာ စိတ်ပျက်စရာ။ တွေ့ရာ suit ကိုဆွဲယူဖို့ ပြင်လိုက်ပေမယ့် ထူးထူးခြားခြားအစိမ်းဖျော့ ရောင် Suitကို တွေ့တော့ Yibo ရင်ထဲ နာကျင်သွားသည်။

"ကိုကိုတို့ မင်္ဂလာဆောင်ရင် အနီရောင် ဝတ်ကြမယ်"

"ကျွန်တော်က အစိမ်းရောင် ကြိုက်တာလေ..အစိမ်းပဲဝတ်ချင်တာ"

"အစိမ်းက တောက်နေရင် မင်္ဂလာပွဲနဲ့ မလိုက်ဘူးလေ..အာ သိပြီ ဖျော့ဖျော့လေးဆို Wang လေးနဲ့ လိုက်မှာ"

"ကိုကိုကရော အစိမ်းရောင် လိုက်ဝတ်ပေးမှာလား"

"ဒါပေါ့..မင်္ဂလာဆောင်ပါတယ်ဆို ဆင်တူ ဝတ်မှ ရမှာပေါ့ကွ"

"အနီရောင် ဝတ်ချင်တာဆို"

"ဒါပေမဲ့ Wangလေး ကြိုက်တဲ့အရောင်ပဲဝတ်မှာ..Wangလေး သဘောတိုင်းပဲ"

အတိတ်တုန်းက အမှတ်တရ အချို့ကို ပြန်တွေးမိကာ ရိပေါ် မျက်ရည် ဝဲလာတယ်။ သတိရတယ် ခင်ဗျားရယ်။ ကျွန်တော် တစ်ရက်မှ မေ့မရခဲ့ဘူး။
လွမ်းလိုက်တာ။ လက်မထပ်ခင်နောက်ဆုံးအနေနဲ့ မျက်နှာလေးကို တော့ ကြည့်သွားချင်တယ်။
လက်ထဲက အင်္ကျီကို ပြန်ချိတ်ကာ ဆိုင်ထဲက ထွက်ဖို့ ပြင်တော့ ထိုလူက သူ့လက်ကိုဆွဲကာ..

Because I still love you (Completed)Where stories live. Discover now