ပန်းခရမ်းပြာ

416 33 18
                                    

-ကျနော်ချစ်မိခဲ့/ပန်းခရမ်းပြာ-

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

-ကျနော်ချစ်မိခဲ့/ပန်းခရမ်းပြာ-

သူ့ကို စသိတုန်းက
သူ့မျက်လုံးတွေ ဒီလောက်လှမှန်း မသိသေးဘူး။
မျက်မှန်ချွတ်လိုက်ရင် သိပ်ကောင်းမယ်လို့
ငါ တွေးမိတယ်။
(တကယ်လိုနေတာ
ငါ့အတွေးတွေရပ်ပစ်လိုက်ဖို့)

-
သူစိမ်းတွေထက်တော့ပိုတယ်ဆိုပေမယ့်
စီးကရက်တွေနဲ့
သေဖို့အကြောင်းကလွဲရင်
ငါတို့ကြား
ပြောစရာသိပ်မများခဲ့ဘူး။
(၃ရာသီစာရေစက်လေးပဲဖြစ်လိမ့်မယ်လို့
ငါလည်း မထင်ခဲ့မိဘူးလေ။ )
-
အဆက်အသွယ်မလုပ်မိဖို့
သေမလိုထိန်းချုပ်ထားရတာကလွဲရင်
အရာအားလုံး နေသားတကျရှိနေခဲ့တယ်။
ခက်တာက သူ့လက်ချောင်းရှည်တွေကြားက
စီးကရက်တွေမြင်ရင် ထိန်းမရအောင်
ရူးချင်လာတာပဲ။

(ဒီလိုနဲ့ သူ့လက်ချောင်းတွေ
အနုပညာဆန်ကြောင်း
ဝန်မခံချင်တဲ့အခါတိုင်း
စီးကရက်တွေ ဖိသောက်ဖို့
ငါရွေးခဲ့တယ်။)

-
ခေါင်းစဉ်တပ်မရတဲ့/အတပ်မခံတဲ့
ဆက်ဆံရေးအောက်မှာ
သူရော ငါရော
စနစ်တကျ လွဲမှားခဲ့ကြတယ်။
စီးကရက်တွေသောက်တိုင်း
ကြိုက်တယ်လို့ယူဆမရကြောင်း
သူပြောဖူးတယ်။

(ငါကရော သူသောက်နေကျ
စီးကရက်တွေလိုပဲလား။)

-
ပန်းခရမ်းပြာတွေ မပွင့်ခင်ကြွေသွားတယ်။
ဆက်မိတဲ့ဖုန်းတိုင်း ဖုန်းမှားနေတယ်လို့ဖြေတယ်။
ပို့မိတဲ့ မက်ဆေ့ချ်တွေ အရင်လို
အဖတ်လုပ်မခံရဘူး။

(ဘယ်နေရာကစမှားသွားလဲ
အဖြေရှာနေတုန်းမှာပဲ
သူ့ဘဝရဲ့ အရေးမပါဆုံးနေရာ
ငါရောက်သွားတယ်။)

-
တကယ်ပဲ ငါဟာ
မီးညှိခံလိုက်ရတဲ့ စီးကရက်တစ်လိပ်ဖြစ်ခဲ့တယ်
ထင်ပါတယ်။


-က်ေနာ္ခ်စ္မိခဲ့/ပန္းခရမ္းျပာ-

သူ႔ကို စသိတုန္းက
သူ႔မ်က္လံုးေတြ ဒီေလာက္လွမွန္း မသိေသးဘူး။
မ်က္မွန္ခၽြတ္လိုက္ရင္ သိပ္ေကာင္းမယ္လို႔
ငါ ေတြးမိတယ္။
(တကယ္လိုေနတာ
ငါ့အေတြးေတြရပ္ပစ္လိုက္ဖို႔)

-
သူစိမ္းေတြထက္ေတာ့ပိုတယ္ဆိုေပမယ့္
စီးကရက္ေတြနဲ႔ ေသဖို႔အေၾကာင္းကလဲြရင္
ငါတို႔ၾကား
ေျပာစရာသိပ္မမ်ားခဲ့ဘူး။
(၃ရာသီစာေရစက္ေလးပဲျဖစ္လိမ့္မယ္လို႔
ငါလည္း မထင္ခဲ့မိဘူးေလ။ )
-
အဆက္အသြယ္မလုပ္မိဖို႔
ေသမလိုထိန္းခ်ဳပ္ထားရတာကလဲြရင္
အရာအားလံုး ေနသားတက်ရိွေနခဲ့တယ္။
ခက္တာက သူ႔လက္ေခ်ာင္းရွည္ေတြၾကားက
စီးကရက္ေတျြမင္ရင္ ထိန္းမရေအာင္
ရူးခ်င္လာတာပဲ။

(ဒီလိုနဲ႔ သူ႔လက္ေခ်ာင္းေတြ
အႏုပညာဆန္ေၾကာင္း
ဝန္မခံခ်င္တဲ့အခါတိုင္း
စီးကရက္ေတြ ဖိေသာက္ဖို႔
ငါေရြးခဲ့တယ္။)

-
ေခါင္းစဉ္တပ္မရတဲ့/အတပ္မခံတဲ့
ဆက္ဆံေရးေအာက္မွာ
သူေရာ ငါေရာ
စနစ္တက် လဲြမွားခဲ့ၾကတယ္။
စီးကရက္ေတြေသာက္တိုင္း
ႀကိဳက္တယ္လို႔ယူဆမရေၾကာင္း
သူေျပာဖူးတယ္။

(ငါကေရာ သူေသာက္ေနက်
စီးကရက္ေတြလိုပဲလား။)

-
ပန္းခရမ္းျပာေတြ မပြင့္ခင္ႂကြေသြားတယ္။
ဆက္မိတဲ့ဖုန္းတိုင္း ဖုန္းမွားေနတယ္လို႔ေျဖတယ္။
ပို႔မိတဲ့ မက္ေဆ့ခ်္ေတြ အရင္လို
အဖတ္လုပ္မခံရဘူး။

(ဘယ္ေနရာကစမွားသြားလဲ
အေျဖရွာေနတုန္းမွာပဲ
သူ႔ဘဝရဲ့ အေရးမပါဆံုးေနရာ
ငါေရာက္သြားတယ္။)

-
တကယ္ပဲ ငါဟာ
မီးၫွိခံလိုက္ရတဲ့ စီးကရက္တစ္လိပ္ျဖစ္ခဲ့တယ္
ထင္ပါတယ္။


Blue EyesWhere stories live. Discover now