တိမ်တွေ ဝင်လာတတ်တဲ့ပြတင်းပေါက်

326 32 15
                                    

-တိမ္ေတြဝင္လာတတ္တဲ့ ျပတင္းေပါက္-

(၁)
အၿမဲေငးေနလည္း တိမ္ေတြကေတာ့ လွေနဦးမွာပဲ။အႃပံုးပြင့္ေလးအေၾကာင္းေတြးမိေတာ့ ဒီေန့ေရာဖူးပြင့္ဖို႔ ေမ့ေနေသးလားလို႔ ေမးခ်င္လာတယ္။ ေလထုညစ္ညမ္းမႈဟာ ေနရာအႏွံ႔မွာမို႔ ေပ်ာ္စရာေတြ ညစ္ညမ္းသြားမွာ စိုးရိမ္ေနမိတယ္။ ယူတတ္ရင္ အရာရာဟာ လွေနမွာပဲမဟုတ္လား အခ်စ္ရဲ့ ။ကိုယ္က တေန့တာအတြက္ မင္းဂ်င္းေဘာင္းဘီအိပ္ကပ္ထဲ ေကာက္ယူသိမ္းဆည္းထားသမ်ွ ေနြဦးကံေကာ္ပန္းပြင့္မ်ားပဲ ျဖစ္ေစခ်င္တာ။
"သတိတရ အမွတ္တရ ေမႊးရိႈက္မိတဲ့အခါတိုင္း
မင္းအႃပံုးေတြ စိတ္လိုလက္ရ။"

(၂)
ၾကယ္စံုတဲ့ညေကာင္းကင္ကိုေငးရင္း သိပ္လွတဲ့အခိုက္အတန႔္ ေလးမို႔ သိမ္းယူထားၿပီး ခ်စ္ရသူနဲ႔ အတူၾကၫ့္ခြင့္ရရင္ သိပ္ေကာင္းမယ္လို႔ စိတ္ကူးယဉ္ဖူးလား အခ်စ္။ ျဖစ္ႏိုင္ရင္ လိပ္ျပာတတေကာင္လို ကိုယ့္ကိုႃပံုးရယ္ေစတဲ့အေၾကာင္းအရာမွန္သမ်ွ မင္းဆီ ပို႔ေဆာင္ဝတ္မႈန္ကူးခ်င္တယ္။ပင္လယ္ကမ္းေျခေရာက္တိုင္း မင္းႀကိဳက္မလားေတြးရင္း ေကာက္ယူေနမိတဲ့ ခရုခြံေတြလိုေပါ့။ခ်စ္တတ္လာတဲ့အခါ သူ႔အလိုလို အိမ္မက္အသစ္ေတြရက္လုပ္​​ေနမိမွာ။ၿပီးေတာ့ ရာသီဉတုသာယာတဲ့ေန့တိုင္း လိပ္ျပာတေကာင္ျဖစ္ခ်င္ေနမွာ။

(၃)
အေဝးတေနရာက မဆုပ္ကိုင္ဖူးတဲ့ မင္းလက္ေခ်ာင္းေတြဆီ စိတ္ေရာက္သြားေတာ့ ကိုယ့္လက္ဖ်ားေတြ ေနြးလာသလိုခံစားရတယ္။ကိုယ္နားလည္ထားတဲ့ ထူးျခားဆန္းၾကယ္မႈဆိုတာ ကိုယ္တို႔ၾကားကေရစက္ေတြအလုပ္လုပ္ပံုလို႔ေျပာရင္ ယံုၾကည္မလား အခ်စ္။
အပိုဆုေလးမ်ားေတာင္းလို႔ရခဲ့ရင္ ခဏေလာက္ျဖစ္ျဖစ္ မင္းဆံႏြယ္ေတြၾကား ကိုယ့္အသက္ရႉသံေတြ ထိုးဖြက္ထားခ်င္တယ္။ေနာက္ထပ္ရာသီစက္ဝန္းေတြေျပာင္းသြားလည္း မင္းဆီေရာက္မယ္ေမ်ွာ္လင့္ရင္း
ေျမနီလမ္းေလးအဆံုးထိ ေလ်ွာက္ေနမယ္။လမ္းဆံုးသြားတဲ့အခါ အစကေန ျပန္ေလ်ွာက္မယ္။

အၿမဲတမ္းအတြက္ပါ
"ျပတင္းေပါက္ကေနေနာက္တေခါက္ခိုးၾကၫ့္
လည္း ရိုးမသြားဘဲ မင္းမ်က္ဝန္းေတြ လွေနဦးမွာ"

#Umesue
အေၾကာတင္းေလးဖတ္ဖို႔ေရးတဲ့ေပးစာနံပါတ္၁



-တိမ်တွေဝင်လာတတ်တဲ့ ပြတင်းပေါက်-

(၁)
အမြဲငေးနေလည်း တိမ်တွေကတော့ လှနေဦးမှာပဲ။အပြုံးပွင့်လေးအကြောင်းတွေးမိတော့ ဒီနေ့ရောဖူးပွင့်ဖို့ မေ့နေသေးလားလို့ မေးချင်လာတယ်။ လေထုညစ်ညမ်းမှုဟာ နေရာအနှံ့မှာမို့ ပျော်စရာတွေ ညစ်ညမ်းသွားမှာ စိုးရိမ်နေမိတယ်။ ယူတတ်ရင် အရာရာဟာ လှနေမှာပဲမဟုတ်လား အချစ်ရဲ့ ။ကိုယ်က တနေ့တာအတွက် မင်းဂျင်းဘောင်းဘီအိပ်ကပ်ထဲ ကောက်ယူသိမ်းဆည်းထားသမျှ နွေဦးကံကော်ပန်းပွင့်များပဲ ဖြစ်စေချင်တာ။
"သတိတရ အမှတ်တရ မွှေးရှိုက်မိတဲ့အခါတိုင်း
မင်းအပြုံးတွေ စိတ်လိုလက်ရ။"

(၂)
ကြယ်စုံတဲ့ညကောင်းကင်ကိုငေးရင်း သိပ်လှတဲ့အခိုက်အတန့် လေးမို့ သိမ်းယူထားပြီး ချစ်ရသူနဲ့ အတူကြည့်ခွင့်ရရင် သိပ်ကောင်းမယ်လို့ စိတ်ကူးယဉ်ဖူးလား အချစ်။ ဖြစ်နိုင်ရင်
လိပ်ပြာတကောင်လို ကိုယ့်ကိုပြုံးရယ်စေတဲ့အကြောင်းအရာမှန်သမျှ မင်းဆီ ပို့ဆောင်ဝတ်မှုန်ကူးချင်တယ်။ပင်လယ်ကမ်းခြေရောက်တိုင်း မင်းကြိုက်မလားတွေးရင်း ကောက်ယူနေမိတဲ့ ခရုခွံတွေလိုပေါ့။ချစ်တတ်လာတဲ့အခါ သူ့အလိုလို အိမ်မက်အသစ်တွေရက်လုပ်​​နေမိမှာ။ပြီးတော့ ရာသီဉတုသာယာတဲ့နေ့တိုင်း လိပ်ပြာတကောင်ဖြစ်ချင်နေမှာ။

(၃)
အဝေးတနေရာက မဆုပ်ကိုင်ဖူးတဲ့ မင်းလက်ချောင်းတွေဆီ စိတ်ရောက်သွားတော့ ကိုယ့်လက်ဖျားတွေ နွေးလာသလိုခံစားရတယ်။ကိုယ်နားလည်ထားတဲ့ ထူးခြားဆန်းကြယ်မှုဆိုတာ ကိုယ်တို့ကြားကရေစက်တွေအလုပ်လုပ်ပုံလို့ပြောရင် ယုံကြည်မလား အချစ်။
အပိုဆုလေးများတောင်းလို့ရခဲ့ရင် ခဏလောက်ဖြစ်ဖြစ် မင်းဆံနွယ်တွေကြား ကိုယ့်အသက်ရှူသံတွေ ထိုးဖွက်ထားချင်တယ်။နောက်ထပ်ရာသီစက်ဝန်းတွေပြောင်းသွားလည်း မင်းဆီရောက်မယ်မျှော်လင့်ရင်း မြေနီလမ်းလေးအဆုံးထိ လျှောက်နေမယ်။လမ်းဆုံးသွားတဲ့အခါ
အစကနေ ပြန်လျှောက်မယ်။

အမြဲတမ်းအတွက်ပါ
"ပြတင်းပေါက်ကနေနောက်တခေါက်ခိုးကြည့်လည်း ရိုးမသွားဘဲ မင်းမျက်ဝန်းတွေ လှနေဦးမှာ"

#Umesue
အကြောတင်းလေးဖတ်ဖို့ရေးတဲ့ပေးစာနံပါတ်၁

Blue EyesWhere stories live. Discover now