Euphoria
Euphoria(၁)
ကျနော်ဖွက်ထားမိတဲ့ညကောင်းကင်ကို သူ့မျက်ဝန်းတွေထဲမှာ ရှာတွေ့တယ်။မှော်ဆန်တဲ့ အခိုက်အတန့်လိုပါပဲ။ပြုစားခံလိုက်ရသလို
ကျနော်အံ့သြမိတယ်။တုန်လှုပ်သွားတယ်။ စည်းချက်မမှန်တဲ့ရင်ခုန်သံတွေကို သတိထားမိတော့ ဝန်မခံချင်ပေမယ့်
သူ့မျက်ဝန်းတွေလို အပြုံးပွင့်လေးကလည်း အန္တရာယ်များကြောင်းသိလိုက်ရတယ်။ တချိန်တည်းမှာပဲ မြတ်နိုးမိသွားတယ်။"အရာအားလုံးလှတယ်။
သူ့မျက်ဝန်း
အပြုံးတစ်ပွင့်
အေးမြမြ အသံလှိုင်းလေး
မှော်ဆန်ဆန်လက်ချောင်းရှည်တွေနဲ့
သူ့ဆံသားတစ်ချောင်းချင်းစီကအစ
သူဝတ်နေကြ တီရှပ်အစင်းကျားလေးအဆုံး..။"(၂)
တကယ်တော့...
ငေးကြည့်နေရရုံနဲ့တင်ဖြစ်ပါတယ်လို့ ကိုယ့်ကိုယ်ကို ညာပေမယ့်
ဖုန်းမျက်နှာပြင်ကတဆင့် သူ့စိတ်အတက်အကျဘယ်လိုရှိမလဲ ခန့်မှန်းနေရတဲ့ဘဝကြီးကို ကျနော်မုန်းပါတယ်။
ဘယ်လမ်းပဲလျှောက်လျှောက် သူ့ဆီကိုပဲ
တည့်တည့်မတ်မတ်ရောက်ချင်တယ်။
အသံနဲ့ပဲဖြစ်ဖြစ်
မျက်ဝန်းတွေနဲ့ပဲဖြစ်ဖြစ်
အများကြီးသတိရတဲ့အကြောင်း
ပြောပြချင်မိတယ်။
ဖုန်းမျက်နှာပြင်ကိုထိတွေ့
တဖက်သတ်မေးခွန်းထုတ်နေရတဲ့ အခိုက်အတန့်တွေအစားမျက်နှာချင်းဆိုင် အနီးကပ်ငေးခွင့်သာရရင် သူ့မျက်ဝန်းတွေထဲက ကြယ်တွေ ဘယ်လောက်စုံလဲ ကျနော်သေချာအဖြေပေးနိုင်မယ်ထင်တယ်။"အငွေ့အသက်လေးဖမ်းမိရုံနဲ့
နေ့ရက်တွေ ပိုလှတယ်။
ကံကောင်းခြင်းတွေအကုန် ဒီရေစက်ကလေးနဲ့
ဆုံတွေ့ခွင့်ရဖို့ ပုံအပ်ခဲ့တာပဲဖြစ်ရမယ်။
ဒီလိုတွေးမိတော့ နှလုံးသားလေးနွေးလာတယ်။"(၃)
လောဘကြီးရာကျကောင်းကျနိုင်ပေမယ့် သူဟာ
ကျနော် လက်မလျှော့ဘဲဆက်လျှောက်နေမိမယ့် မြေနီလမ်းလေးဖြစ်ပါတယ်။ အမှတ်တရတွေအစား မေ့ဖျောက်စရာဒဏ်ရာတွေကိုမှ ရင်နဲ့အပြည့်လွယ်ထားတတ်တဲ့ကျနော့်အတွက် အကြိမ်ကြိမ်သတိရနေမိမယ့် ပျော်ရွှင်ဖွယ်မှတ်ဉာဏ်အစိတ်အပိုင်းလေးဆိုလည်း
မမှားပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ဆက်တဲ့ခရီးမို့
ဘယ်လောက်ရှည်ကြာတဲ့လမ်းဖြစ်ပါစေ
တနေ့နေ့တော့ ကျနော့်အိမ်ကလေးဆီရောက်ရှိပါလိမ့်မယ်။
(ကျနော်ဖွက်ထားမိတဲ့ ညကောင်းကင်ကို
ပြန်လည်ရှာတွေ့ပါလိမ့်မယ်။)
ဒီလို ကျနော်သေချာနေခဲ့ပါတယ်။"ဟိုဘက်ကမ္ဘာမှာပဲဖြစ်ဖြစ်ပါ။
ငေးမောခြင်းကင်းစွာနဲ့
ကျနော်...သူ့ကို ချစ်ကြည့်ချင်ပါတယ်။
ဒီလောက်ပါပဲ။
Euphoria
(၁)
က်ေနာ္ဖြက္ထားမိတဲ့ညေကာင္းကင္ကို သူ႔မ်က္လံုးေတြထဲမွာ ရွာေတြ့တယ္။ေမွာ္ဆန္တဲ့ အခိုက္အတန႔္လိုပါပဲ။ျပဳစားခံလိုက္ရသလို
က်ေနာ္အံ့ၾသမိတယ္။တုန္လႈပ္သြားတယ္။ စည္းခ်က္မမွန္တဲ့ရင္ခုန္သံေတြကို သတိထားမိေတာ့ ဝန္မခံခ်င္ေပမယ့္
သူ႔မ်က္ဝန္းေတြလို အႃပံုးပြင့္ေလးကလည္း အႏၲရာယ္မ်ားေၾကာင္းသိလိုက္ရတယ္။
တခ်ိန္တည္းမွာပဲ ျမတ္ႏိုးမိသြားတယ္။"အရာအားလံုးလွတယ္။
သူ႔မ်က္ဝန္း
အႃပံုးတစ္ပြင့္
ေအးျမျမ အသံလိႈင္းေလး
ေမွာ္ဆန္ဆန္လက္ေခ်ာင္းရွည္ေတြနဲ႔
သူ႔ဆံသားတစ္ေခ်ာင္းခ်င္းစီကအစ
သူဝတ္ေနၾက တီရွပ္အစင္းက်ားေလးအဆံုး..။"(၂)
တကယ္ေတာ့...
ေငးၾကၫ့္ေနရရံုနဲ႔တင္ျဖစ္ပါတယ္လို႔ ကိုယ့္ကိုယ္ကို ညာေပမယ့္ဖုန္းမ်က္ႏွာျပင္ကတဆင့္ သူ႔စိတ္အတက္အက်ကို
ခန႔္မွန္းေနရတဲ့ဘဝႀကီးကို က်ေနာ္မုန္းပါတယ္။
သတိရေၾကာင္း ေျပာျပခြင့္မရတဲ့ အခိုက္အတန႔္ေတြအစားမ်က္ႏွာခ်င္းဆိုင္ အနီးကပ္ေငးခြင့္သာရရင္ သူ႔မ်က္ဝန္းေတြထဲက ၾကယ္ေတြ ဘယ္ေလာက္စံုလဲ က်ေနာ္ေသခ်ာအေျဖေပးႏိုင္မိမယ္ထင္တယ္။"အေငြ့အသက္ေလးဖမ္းမိရံုနဲ႔
ေန့ရက္ေတြ ပိုလွတယ္။
ကံေကာင္းျခင္းေတြအကုန္ ဒီေရစက္ကေလးနဲ႔
ဆံုေတြ့ခြင့္ရဖို႔ ပံုအပ္ခဲ့တာပဲျဖစ္ရမယ္။
ဒီလိုေတြးမိေတာ့ ႏွလံုးသားေလးေနြးလာတယ္။"(၃)
ေလာဘႀကီးရာက်ေကာင္းက်ႏိုင္ေပမယ့္ သူဟာ
က်ေနာ္ လက္မေလ်ွာ့ဘဲဆက္ေလ်ွာက္ေနမိမယ့္ ေျမနီလမ္းေလးျဖစ္ပါတယ္။ အမွတ္တရေတြအစား ေမ့ေဖ်ာက္စရာဒဏ္ရာေတြကိုမွ ရင္နဲ႔အျပၫ့္လြယ္ထားတတ္တဲ့က်ေနာ့္အတြက္ အႀကိမ္ႀကိမ္သတိရမိေနတဲ့ ေပ်ာ္စရာမွတ္ဉာဏ္အစိတ္အပိုင္းေလးဆိုလည္း
မမွားပါဘူး။ ခ်စ္ျခင္းေမတၲာနဲ႔ဆက္တဲ့ခရီးမို႔
ဘယ္ေလာက္ရွည္ၾကာတဲ့လမ္းျဖစ္ပါေစ
တေန့ေန့ေတာ့ က်ေနာ့္အိမ္ကေလးဆီေရာက္ရိွပါလိမ့္မယ္။
(က်ေနာ္ဖြက္ထားမိတဲ့ ညေကာင္းကင္ကို
ျပန္လည္ရွာေတြ့ပါလိမ့္မယ္။)"ဟိုဘက္ကမ႓ာမွာပဲျဖစ္ျဖစ္ပါ။
ေငးေမာျခင္းကင္းစြာနဲ႔
က်ေနာ္...ခင္ဗ်ားကို ခ်စ္ၾကၫ့္ခ်င္ပါတယ္။
ဒီေလာက္ပါပဲ။
YOU ARE READING
Blue Eyes
Poetryဖြစ်မလာနိုင်တာသိပေမယ့် အိမ်မက်တွေမက်ပြီးရင် မေ့သွား/(မေ့ပစ်)တတ်တဲ့သူက မျက်လုံးပြာတွေရှိရင် အပြုံးတွေနဲ့အပြည့်ဖြည့်ထားမိမှာပဲဆိုတဲ့ အိမ်မက်ကလေးကိုတော့ နေ့စဉ်ရက်ဆက် မက်တတ်တာ။