Part 1

1.8K 76 0
                                    

Unicode

ဒီနေ့လေးက သူတို့လေးယောက်အတွက် စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေကြတဲ့ နေ့လေး။ အပန်းဖြေခရီးထွက်လာကြတယ်။ ဝေးဝေးတော့မဟုတ်ပါဘူး။ လူရှင်းပြီး တိတ်ဆိတဲ့ နေရာလေးတစ်ခုမှာပေါ့။ ရီလိုက်မောလိုက်နဲ့ ပျော်ရွှင်နေကြတယ်။

“ပျော်ဖို့ကောင်းလိုက်တာ။ မင်းတို့ကအရမ်းရီရတယ်။” Namjoon

“Jin Hyung ကပိုရီရတာပါ။ ပရုတ်သုတ်ခ ဟာသတွေပြောနေတာ။” Taehyung

“ဒီနေ့တစ်နေ့လေးပါ။ မနက်ဖြန်ဆိုရင် ငါတို့အရင်လိုပဲ ပြန်ဖြစ်မှာလေ။” Yoongi

“မနက်ဖြန်ကိုမေ့ထားစမ်းပါ။ ပျော်ပျော်နေစမ်းပါ‌ေဟျာင့်” Jin

သူတို့ပျော်ရွှင်နေကြတဲ့အချိန်မှာပဲ Taehyung ဆီကိုဖုန်းဝင်လာတယ်။ အသံကိုနားထောင်ရတာ အလောတကြီးနဲ့ တစ်ခုခုဖြစ်နေပုံပဲ။

“Doctor တို့ ၄ ယောက် ဆေးရုံကို အမြန်ဆုံးလာခဲ့ပေးပါ။ ဆရာဝန်အင်အားလိုနေတယ်။ ဒီနေ့မှ လူနာတွေအရမ်းများတယ်။ အမြန်ဆုံးနော်”

“ဟုတ်ဟုတ် ကျွန်တော်တို့အခုလာခဲ့မယ်”

“ကဲ Hyung တို့ ဆေးရုံမှာ ဆရာဝန်အင်အားလိုနေပြီတဲ့ သွားကြမယ်”

“Duty off လေ” Yoongi

“Duty off မ off လူနာတွေကိုကယ်ရမှာ ငါတို့တာဝန် go မယ်လာ။” Jin

သူတို့ ၄ ယောက်လုံး ကားပေါ်မှာအဆင်သင့်ရှိနေတဲ့ Duty codes တွေကိုဝတ်ပြီး ဆေးရုံကိုမြန်မြန်မောင်း လာကြတယ်။ သူတို့ဆေးရုံကိုရောက်ပြီဆိုတာနဲ့ လူနာတွေအများကြီးကို တွေ့လိုက်ရတယ်။ ချက်ချင်းပဲ လူနာတွန်းလှည်းတွေကို ကူတွန်းပေးပြီး ခွဲစိတ်ခန်းထဲကို ခွဲစိတ်ဆရာဝန် ၂ ယောက်ဖြစ်တဲ့ Jin နဲ့ Namjoon ကဝင်သွားပြီး ချုပ်စရာရှိတဲ့သူတွေကိုချုပ်ပေး၊ ခွဲစရာရှိတဲ့သူတွေကိုခွဲပေးရင်း အလုပ်ရှုပ်နေ ကြတယ်။

Taehyung နဲ့ Yoongi ကအပြင်မှာရှိတဲ့ လူနာတွေကိုပဲ ဂရုတစိုက်လိုက်ကုပေးတယ်။ သူတို့ဆေးရုံက private လေ အဲ့တော့ ဆရာဝန်အင်အားနည်းတာပေါ့။ လူနာတော်တော်များများကို ကုသပေးပြီးနောက် သူတို့ ၄ ယောက်ချာချာလည်ပြီလေ။ နားနေခန်းမှာ အိပ်တဲ့သူကအိပ်နဲ့ ပင်ပန်းနေကြပြီ။ Yoongi ကအိမ်ပြန်ချင်နေပြီဆိုတော့ Nurse တစ်ယောက်နဲ့ လူနာတွေကိုအကုန်လွှဲခဲ့တယ်။ သူတို့ ၄ ယောက်က အဆောင်မှာအတူတူနေကြတာလေ။ တစ်ခန်းထဲအတူတူနေတာ။

EMERGENCY [Uni/Zaw]Where stories live. Discover now