Part 2

716 56 0
                                    

[Unicode]

“ဒါက ဘယ်သူလဲ” Jin

“Jung Hoseok သူကလမ်းမပေါ်မှာမူးပြီးအိပ်နေတာ။ အဲ့တာကြောင့်ခေါ်လာတာ”

“ဘယ်ကအကောင်မှန်းမသိဘာမသိနဲ့” Namjoon

“သူ့လိပ်စာကဒ်ကိုကြည့်လိုက်တော့ သူကကျွန်တော်တို့မနက်စာစားနေကြ Coffee ဆိုင်ရဲ့ပိုင်ရှင် ဖြစ်နေတယ်။ သူပြောတာတော့ သူ့ကားမောင်းပြန်မယ်တဲ့။ ဒါပေမဲ့ မဖြစ်ဘူးလေ” Yoongi

“ဒါဆို ဘယ်လိုလုပ်မှာလဲ” Taehyung

“သူကလဲမူးနေတာဆိုတော့ ဒီမှာပဲအိပ်ခိုင်းလိုက်ပြီး မနက်ကြမှ ပြန်ပို့လိုက်မလား” Yoongi

“မင်းကုတင်မှာထားနော်။ ငါတို့ကုတင်မှာ မထားနိုင်ဘူး” Jin

“အရေးကြီးတာပါလား” Namjoon

“ပါပါတယ် အရက်သမားတွေရယ်” Yoongi

သူတို့တွေက ဘောလုံးပွဲကိုအကျယ်ကြီးဖွင့်ပြီး အော်ကြည့်နေကြတာတောင် Hoseok တစ်ယောက်က မနိုးဘူး။ ညကညဉ့်နက်မှအိပ်ကြတာဆိုတော့ မနက် ၈ နာရီလောက်မှ Namjoon အရင်နိုးလာတယ်။

“ဟိတ်ကောင်တွေထတော့ ၈ နာရီထိုးပြီ။ ၉ နာရီဆေးရုံသွားရမှာ” Namjoon

“၅ မိနစ်လောက်နှပ််ချင်သေးတယ်။ ၅ မိနစ်ထဲပါ” Taehyung

“မရဘူး။ မင်းက ၅ မိနစ်ဆို နာရီဝက်လောက်ဖြစ်သွားတာ။ ။ထတော့ Jin Hyung နဲ့ Yoongi Hyung လဲထတော့” Namjoon

“ထပါပြီ။” Jin

ဆူညံသံတွေကြောင့် အိပ်ချင်မူးတူးနဲ့ Hoseok နိုးလာတယ်။ ပတ်ဝန်းကျင်ကိုတစ်ချက်ရှိုးလိုက်တော့ ရှုပ်ပွနေတာပဲ အမှိုက်ပုံနဲ့တောင်မှားနိုင်တယ်။ ဒါပေမဲ့ နံရံမှာကပ်ထားတဲ့ ချိပ်တွေနဲ့ Duty codes တွေက သူတို့ ဆရာဝန်တွေဆိုတာ သက်သေပြနေတယ်လေ။

“ငါဘယ်ရောက်နေတာလဲ။ ဆေးရုံလား။ Duty codes တွေလဲရှိတယ်။”

“မင်းနိုးပြီလား။ မင်းညက မူးပြီးလမ်းမပေါ်မှာအိပ်နေလို့ ငါကဒီကိုခေါ်လာတာ။ ငါတို့ကဆရာဝန်တွေ” Yoongi

“အော် ကျွန်တော်မူးပြီးအိပ်နေခဲ့တာလား။ မမှတ်မိတော့ဘူး။ ကျေးဇူးပါပဲ ကျွန်တော့်ကိုခုလို ကူညီပေး လို့”

EMERGENCY [Uni/Zaw]Tempat cerita menjadi hidup. Temukan sekarang