part 5

474 40 0
                                    

[Unicode]

"ဒီဦးလေးကို resuscitation လုပ်မှဖြစ်မယ်။ အသက်မရှူတော့ဘူး" Namjoon

"ဒီတစ်ယောက်က သွေးထွက်များနေတယ်။ EMT ကိုမြန်မြန်ခေါ်လေ။" Jin

Taehyung ချက်ချင်း EMT ကို Ambulance နဲ့အတူခေါ်လိုက်တယ်။ ချက်ချင်းဆိုသလိုပဲရောက်လာတယ်။ ဦးလေးကြီးအတွက် အချိန်မရှိတော့ဘူးလေ။ အဲ့တာကြောင့် Ambulance ပေါ်က Synchronized Cardioversion လုပ်ဖို့ပြင်ကြတယ်။

"Synchronized Cardioversion မှဖြစ်မယ်။ Taehyung အချိန်မရှိဘူး။ မင်းလုပ်လိုက်" Yoongi

Taehyung စိတ်ငြိမ်ငြိမ်ထာားပြီး နှလုံးခုံအောင် လျှပ်စစ်ရှော့စ် တိုက်လိုက်တယ်။ ဒါပေမဲ့ မရပါဘူး။ အချိန်မမှီလိုက်ဘူးလေ။

"EKG မှာ AFLATIINE တဲ့" Taehyung

Taehyung အဲ့လိုလဲပြောလိုက်ရော အကုန်လုံးဝမ်းနည်းသွားကြတယ်။ သူတို့မကယ်နိုင်လိုက်ဘူးလေ။

"ရတယ်။ ထားလိုက်။ ကျန်တဲ့နှစ်ယောက်ကိုမြန်မြန် ဆေးရုံပို့မှဖြစ်မယ်။ ငါ့အထင် ဒီတစ်ယောက်က သွေးသိပ်မထွက်ဘူး။ Internal hemorrhage ဖြစ်နေတယ်ထင်တယ်။" Yoongi (ခန္ဓာကိုယ်အတွင်းပိုင်းမှာ သွေးထွက်ခြင်း)

ဒါ့ကြောင့် Jimin နဲ့ Jungkook နှစ်ယောက်လုံးကို ဆေးရုံခေါ်သွားပြီး သူတို့အစွမ်းကုန်ကြိုးစားကြတယ်။ အခြေအနေဆိုးတာက Jimin ပါ။ ဒါ့ကြောင့် Jimin ကိုအရေးကြီးနေပြီး Jungkook ကို Primary Survey ပဲပြုလုပ်လိုက်ကြတယ်။ ဘာလို့ဆို Jungkook ကမစိုးရိမ်ရဘူးလေ။ မကြာခင်မှာဘဲ အရေးပေါ်ခန်းထဲက Taehyung နဲ့ Namjoon ထွက်လာတယ်။ Jin နဲ့ Yoongi က Jungkook ကိုတာဝန်ယူထားတာလေ။

"ဘယ်လိုလဲ ဟိုတစ်ယောက် အဆင်ပြေလား" Jin

"သူအရင်ထဲက အဆုပ်နဲ့ပတ်သတ်ပြီး ရောဂါရှိတယ်ထင်တယ်။ မစိုးရိမ်ရပါဘူး။ ဒါပေမဲ့ ငါတို့ Air Way (အဆုပ်နဲ့အပြင်လေထုအကြား လေအဝင်အထွက်ထိန်းညှိသည်။) လုပ်ထားတယ်။ မစိုးရိမ်ရတော့ပါဘူး။ ဒါပေမဲ့ သူတို့နဲ့ပါလာတဲ့ ဦးလေးကြီးပဲ သနားတယ်" Taehyung

"ဘယ်တက်နိုင်မလဲကွာ ဒါလူ့ကံလေ" Namjoon

"မဟုတ်ဘူး။ ကျွန်တော်လက်တွေတုန်နေလို့ဖြစ်တာ။ ကျွန်တော်သတ်လိုက်မိပြီ" Taehyung

EMERGENCY [Uni/Zaw]Where stories live. Discover now