part 8

453 44 1
                                    

Unicode

“ငထယ် တကယ်ပဲ မင်း Jimin ကိုကြိုက်နေတာလား” Jin

“ဟုတ်မယ်ထင်တယ်။ ကျွန်တော်တစ်ချိန်လုံး သူ့မျက်နှာလေးပဲမြင်နေတယ်။ သူ့အသံလေးက ကျွန်တော့် ကိုပိုရင်ခုန်စေတယ်။ ဟုတ်တယ်။ ကျွန်တော်သူ့ကိုချစ်မိသွားပြီ” Taehyung

“အေးပါ… Jimin မှာရီးစားရှိမရှိအရင် စုံစမ်းလိုက်ပါအုံး” Namjoon

“မရှိလောက်ပါဘူး။ ရှိလဲကျွန်တော် နောက်မဆုတ်ဘူး” Taehyung

“ဆေးကျောင်း ၇ နှစ်တက်ပြီး စာတွေကြောင့် Taehyung ရူးသွားပါပြီ” Jin

၄ ယောက်လုံး Night duty ကျတယ်။ ၉ နာရီထိုးပြီးဆိုတော့ ဗိုက်စာနေပြီလေ။ ဆိုင်တွေကလဲ အဝေးကြီးပဲ ဆေးရုံမှာ ဆရာဝန်တွေ တော်တော်များများ ပြန်သွားကြပြီ။ နေမကောင်းတဲ့ဆရာဝန်တွေနဲ့ ခရီးသွားနေတဲ့ဆရာဝန်တွေမရှိလို့ ဒီနေ့ညဆေးရုံမှာ ဆရာဝန် ၁၀ ယောက်ပဲရှိတယ်။ သူတို့ ၄ ယောက်အပါအဝင်ပေါ့။

“ဗိုက်စာလိုက်တာ။ ညစာငတ်ပါပြီ” Yoongi

“လူနာတွေဆီက သွားတောင်းစားမလား” Jin

“မဖြစ်နိုင်တာ” Namjoon

သူတို့ဗိုက်စာနေမယ်မှန်းသိလို့ ဆိုင်ပိုင်ရှင်သူဌေးလေး Hoseok ရောက်လာပြီး သူတို့အတွက် စားစရာတွေ ယူလာပေးတယ်။

“ဗိုက်စာနေကြပြီလား။ ငါမင်းတို့အတွက် ဝက်နံရိုးကင်ရယ်၊ ဝက်သားပြားကျော်ရယ်၊ ဂင်ချီလ်ထမင်း ကြော်ရယ် ယူလာပေးတယ်။ Taehyung က ဂင်ချီလ် မကြိုက်ဘူးဆိုလို့ ရိုးရိုးထမင်းယူလာပေးတယ်။” Hoseok

“အလိုက်သိလိုက်တဲ့ Hoseok မင်းအရမ်းတော်တာပဲ။ ငါတို့ငတ်ပြီထင်နေတာ” Yoongi

“မငတ်ပါဘူး။ ရော့စားလိုက်တော့လေ” Hoseok

“မင်းရောမစားဘူးလား” Namjoon

“ကျွန်တော်ပြန်မှပဲစားတော့မယ်” Hoseok

“လာပါ အတူတူစားရအောင်” Jin

“ဟုတ်ကဲ့ဗျ”

သူတို့ ၅ ယောက်အတူတူညစာစားကြတယ်။ ဂင်ချီလ်မကြိုက်တဲ့သူ ရှားတယ်နော်။

“ဒါနဲ့ Taehyung မင်းကဘာလို့ ဂင်ချီလ် မကြိုက်တာလဲ” Hoseok

“အဲ့ဒီထဲက မုန့်ညှင်းရွက်လားဘာလား အဲ့တာကြီးကိုမကြိုက်တာ။ ဘာကြီးမှန်းကိုမသိဘူး။ စပ်လဲစပ် တယ်။” Taehyung

EMERGENCY [Uni/Zaw]Where stories live. Discover now