part 3

601 50 0
                                    

[Unicode]

"Jungkook မင်းတော်တော်ကပ်စေးနဲတာပဲ။ ငါတို့မှာ ပိုက်ဆံအလုံအလောက်ပါပါတယ်ကွ။ ဒီထက် ဈေးကြီးတာမှာစားလို့ရပါတယ်"

"Jimin Hyung ကလဲ ပိုက်ဆံဆိုတာ ချွေတာရတယ်။ ဒီလောက်လဲစားလို့ရပါတယ်။"

"အေးပါအေးပါ ပြီးတာပါပဲ။ မြန်မြန်တော့စားနော် ငါတို့ ဦးလေးခိုင်းထားတာလေးတွေရှိသေးတယ်"

"ဘာခိုင်းထားလို့လဲ"

"ဟာ ငါတို့နှစ်ယောက်ကို သူ့ချစ်သူငါတို့အဒေါ်ဖြစ်မဲ့ကောင်မလေးကို ပေးဖို့ဆိုပြီး ပန်းစည်းဝယ်ခိုင်း ထားတယ်လေ။"

"ဟုတ်သားပဲ မေ့နေတာ"

သူတို့ညီအကိုနှစ်ယောက်က အရမ်းချမ်းသာတယ်။ ဒါပေမဲ့ အငယ်ကာင် Jungkook ကအရမ်း ကပ်စေးနဲ တယ်။ ပြီးတော့ သူ့အကို Jimin ကိုအရမ်းချစ်တာ။ သူ့အကိုတစ်ခုခုဖြစ်မှာကို သူစိုးရိမ်ဆုံးလေ။ Jimin နဲ့ Jungkook လဲမနက်စာမြန်မြန်စားပြီး ပန်းဆိုင်ကိုရောက်လာခဲ့တယ်။ Jungkook မှာအကြံရှိတယ်လေ။ ကားအကောင်းစားကြီးနဲ့ လာတယ်ဆိုရင် ဈေးသည်တွေက တစ်ခါမှမကြားဖူးတဲ့ ဈေးတွေကို တင်လိုက်တာ။ အဲ့တာကြောင့် ကားကိုနဲနဲလှမ်းလှမ်းလောက်မှာရပ်ပြီး လမ်းလျှောက်သွားကြတယ်။ ဆိုင်ထဲရောက်တော့ ပန်းတွေကအရမ်းလှကြတယ်။

"ဦးလေးကပန်းအစစ်ကိုပဲပေးချင်တာနော်။ နှင်းဆီပန်းဆိုရင်ကောင်းမယ်ထင်တယ်။ အပန်းလေးဆိုရင် လှမယ်။"

"hyung ကလဲဒီပန်းလေးကအရမ်းလှတာကို ဒါဘယ်လောက်လဲဟင်"

"ဝမ် ၉၀၀၀ ပါရှင့်"

"အပြီးအစီးလား။ ပန်းစည်းထုတ်ပေးမှာလား"

"ဟုတ်ကဲ့ရှင့်အပြီးအစီးဆိုရင် ၁၀၀၀၀ ပါရှင့်"

"များလိုက်တာ ၅၀၀၀ ပဲထားလိုက်"

"ဂျောင်အုန်းသီးရေ ရမလား ၅၀၀၀"

"hyung ကလဲစစ်ကြည့်တာပါ။ နေစမ်းပါ"

"၅၀၀၀ တော့မရဘူးရှင့် ကျွန်မတို့ရှုံးလိမ့်မယ်ရှင့်"

"ဘာလို့လဲ သူများဆိုင်တွေဆို ၅၀၀၀ ထဲနဲ့ရောင်းနေကြတာလေ"

"အဲ့တာတွေက အရေအသွေးမကောင်းတာတွေလေမောင်လေးရဲ့ အမတို့ဆိုင်က အရည်အသွေးကောင်း တာတွေပဲတင်တာ"

EMERGENCY [Uni/Zaw]Donde viven las historias. Descúbrelo ahora