ရေခဲသေတ္တာကို ဆွဲဖွင့်ကာ ဝယ်လာတဲ့ ပစ္စည်းတွေကို
နေရာချဖို့ပြင်လိုက်သည်။ စားလက်စ မကောင်းတော့တဲ့ အစားအစာတစ်ချို့နဲ့ သောက်လက်စ ဒိန်ချဉ်တစ်ဘူးက လွန်ခဲ့တဲ့ ရရက်လောက်ကတည်းကမို့ ပုပ်သိုးနေပြီဖြစ်သည်။ ခရီးကပြန်ရောက်ကတည်းက မနားဘဲ Martဆီသွားမီးဖိုချောင်အတွက်လိုအပ်တာတွေ သွားဝယ်ကာ အခုအိမ်ပြန်ရောက်တော့ ည၉နာရီပင်ကျော်နေပြီဖြစ်သည်။အသည်းကွဲနေလို့ အလုပ်တွေ ပစ်ကာ အပျော်ခရီးထွက်ခဲ့ပေမယ့် ဘာလုပ်လုပ်သတိရနေတာကြောင့် တစ်ချိန်လုံး ဒေါသထွက်နေရပြီး တစ်စက်ကလေးမှတောင် ပျော်စရာမကောင်းခဲ့တဲ့ ခရီးက ဘာလိုလို့ လိုအပ်နေမှန်းမသိတာကြောင့် ၁၄ရက် ခရီးကို ရရက်နဲ့ အိမ်ပြန်ရောက်လာရသည့်အဖြစ်။
သက်ပြင်းရှည်တစ်ချက်ချကာ အထုပ်ကိုဖွင့်လိုက်တော့အရင်ဆုံးထွက်လာတာက ဘတ်ခ်ဟွန်းစားနေကျ Snackထုပ်လေးဖြစ်နေသည်မို့ အံ့ဩတကြီး မျက်လုံးပြူးကာ ကြည့်မိလိုက်သည်။
"ဒါ ငါဘယ်တုံးက ယူလိုက်မိတာလဲ shit"
ထို မုန့်ထုပ်အား ရေခဲသေတ္တာထဲ မထည့်ပဲ စားပွဲပေါ် ပစ်တင်လိုက်သည်။ ဟုတ်တယ်လေ ဘတ်ခ်ဟွန်းနဲ့ ပတ်သတ်ပြီး ဒီအိမ်မှာ ဘာဆိုဘာမှ ရှိနေစရာကိုမလိုဘူး။
သောက်စရာတစ်ချို့ နေရာတကျစီထည့်အပြီး ရေခဲသေတ္တာထောင့်လေးက ဒိန်ချဉ်ဘူးတွေကို ဆက်ခနဲဆွဲယူကာ
ခုနကစားပွဲပေါ် ထပ်ပစ်တင်လိုက်သည်။" ငရှုပ်ကောင် ကိုယ်ပစ္စည်းကိုယ် တစ်ခါတည်း အကုန်မယူသွားဘူး"
ဟင်းခပ်အမွှေးအကြိုင်တစ်ချို့ အသားတစ်ချို့အပြင်
ကြက်ဥတစ်ကတ်ကိုပါ သေချာစီထည့်ပြီးတဲ့အချိန်
ရေခဲသေတ္တာလေးဟာ လွန်ခဲ့တဲ့ ရရက်ကအတိုင်း
စုံစုံလင်လင်လေးပြန်ဖြစ်သွားပေမယ့် ရင်ဘတ်ထဲက
ဟာတာတာဖြစ်နေမှုကတော့ ပျောက်မသွားခဲ့ ။ မတ်တပ်ထရပ်ကာ ဘေးက နံရံကပ်ဘီရိုလေးကိုဆွဲဖွင့်တော့
ပြောင်ရှင်းနေပြီး ကော်ဖီမှုန့်တစ်ဝက်သာကျန်တဲ့ ပုလင်းလေးနဲ့အတူ Creamer ဘူးအပြာလေးသာရှိနေသည်။" ချန်းယောလ်လီ creamer အများကြီးထည့်နော် မခါးစေနဲ့"
ရုတ်တရက် နားထဲကြားယောင်လာတာက အိမ်ရှေ့ခန်းဆိုဖာပေါ်က တီဗီကြည့်ရင်း လှမ်းအော်တတ်တဲ့ ဘတ်ခ်ဟွန်းအသံ။