I Love being Yours (UNI)

1.1K 148 1
                                    

ကျစ် ...

လက်ထဲကစာအုပ်ကို ယူတဲ့နေရာက်ို ပြန်ထိုးထည့်လိုက်ပြီး
မျက်ခုံးတွေ တွန့်ချိုးပစ်လိုက်သည်။အတန်းနားချိန်တွေတိုင်း အနောက်ကနေ အရိပ်လို လိုက်တတ်သူ။ ဒီနေ့တော့ အားကစားဝတ်စုံ နက်ပြာရောင်လေးနှင့်ဖြစ်သည်။

အခုလည်း မျက်နာချင်းဆိုင် စာအုပ်တန်းတွေကြားထဲကနေ စာအုပ်ဖတ်ချင်ယောင်ဆောင်ကာ ချောင်းကြည့်နေပြန်သည်။ သူတို့အတန်း PEချိန်ကို လစ်လာပြန်ပြီထင်သည်။ ဒါကြောင့် လူကောင်လေးက သေးနေတာ။

"ငါက အားကစားလုပ်ရတာ မကြိုက်ဖူး
ချန်းယောလ်လီရဲ့"

အရင်တစ်ခေါက်က စီနီယာတန်းတွေ အတူတူအပြေးလေ့ကျင့်ရသည့်အချိန်က သစ်ပင်ပင်စည်လေးနဲ့ကွယ်ကာ
ပုန်းနေခဲ့သည်မလား။

စနေ တနင်္ဂနွေပိတ်ရက်ဖတ်ဖို့ စာအုပ်ရွေးလို့ပြီးသွားတော့
စာကြည့်တိုက်ကနေ ပြန်ထွက်လာသည်တိုင် ခြေနှစ်လှမ်းအကွာ ကနေ ပါလာတဲ့ အရိပ်လေးကြောင့် လှမ်းနေတဲ့ ခြေလှမ်းတွေကို ခြေစုံရပ်ပစ်လိုက်သည်။

"အ"

" ဗြောင်ဘတ်ခ်ဟွန်း"

ကျောပိုးအိတ်က ခပ်မာမာတံဆိပ်လေးနဲ့ ဆောင့်မိသွားလို့ နာသွားတဲ့ နဖူးလေးကို ပွတ်နေတဲ့သူက မော့ကြည့်လာပြီး နှုတ်ခမ်း​လေးမဲ့နေရာကနေ ချက်ချင်းပြုံးလာသည်။

" Hi ချန်းယောလ်လိီ"

" ဒီနေ့ကရော ဘာကိုအကြောင်းပြအုန်းမှာလဲ"

အနောက်ကနေ လိုက်နေလို့ မေးတော့လည်း မဟုတ်တာတွေ အကြောင်းပြတတ်သည့် ရှဉ့်ပေါက်ကို ချောင်ပိတ်ဖမ်းဖို့ပြင်လိုက်သည်။ 

" စာအုပ်လာရှာတာ"

"ဘာစာအုပ်လဲ ပြောပါအုန်း"

" ထားလိုက်ပါတော့ မတွေ့ခဲ့ဘူး"

" ဘတ်ခ်ဟွန်း"

" ဟင်"

တဖြေးဖြေးအနီးကိုတိုးကပ်သွားတော့ ချက်ချင်းနီရဲလာတဲ့ နှာခေါင်းထိပ်လေးနဲ့ပါးပြင်လေးက ရာသီဥတုကြောင့်တော့မဖြစ်နိုင်။ မျက်ခုံးလေးတွေပါ ပင့်ထားသေးတာမို့
တကယ့် ရှဉ့်ပေါက်လေး လန့်နေတဲ့ပုံလေး။

One Shot Where stories live. Discover now