Hold Me Tight

1.2K 151 8
                                    

Happy birthday Chanyeol ❤️
생일 축하해요 ❤️

ရေခဲမုန့်ဝယ်မည်ဆိုကာ ချီပိုးထားရာကနေ အောက်ဆင်းသွားပြီး နောက်မှာကျန်ရစ်နေသည့် အမေဖြစ်သူဆီ ပြေးသွားပြန်တဲ့ မြေးဖြစ်သူကို သေချာလိုက်ကြည့်ပေးလိုက်ပြီး သူ့အဖေလက်ထဲရောက်သွားတာ သေချာမှ ရှေ့သို့ပြန်လှည့်ကာ ဖြေးဖြေးချင်းဆက်လျှောက်လာလိုက်သည်။ အခုရောက်နေတာက Dublinမြို့ရဲ့လမ်းမတစ်ခုဖြစ်ပြီး busking တီးဝိုင်းများအပြင်  လူတွေဟာလည်း
အလွန်စည်ကားနေသည်။

တဖြေးဖြေးလျှောက်လာရင်း  လူနှစ်ယောက်
အတိအကျဆိုရင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ဂစ်တာတစ်လက်စီဖြင့် busking လုပ်နေသည့်နေရာသ်ို့အရောက် ခြေလှမ်းတို့ ရပ်တန့်ကာ ဝိုင်းအုံနေသည့် လူတွေရဲ့ အနောက်ခပ်တိုးတိုးကနေပဲ ရပ်ကြည့်နေလိုက်သည်။

Queen ရဲ့ love of my life သိီချင်းနဲ့အတူ သီဆိုနေတဲ့ကောင်မလေးရဲ့ မျက်ဝန်းတွေဟာလည်း ဝမ်းနည်း
ရိပ်လေးသမ်းနေသည်။ ဒီသီချင်းဟာ တစ်ချိန်က ကိုယ့်အချစ်ဇာတ်လမ်းလေးရဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့တာမို့ Baekhyunကောင်းကောင်းရခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုပေမယ့် ဘယ်တော့မှ နောက်ထပ် ဘယ်သောအခါမှ
ထပ်နားမထောင်ဖြစ်တော့မဲ့ သီချင်းတစ်ပုဒ်လည်းဖြစ်သည်။ ရင်ဘတ်ထဲက ဒဏ်ရာက အခုအသက်၅၀နားကပ်သည်အထိ မပျောက်သေးတာကြောင့်လည်းပါသည်။ ကုစားလို့မရတော့တဲ့အထိ အစွဲအလမ်းကြီးခဲ့သည်ကလည်း ကိုယ်တိုင်မို့ ဘယ်သူ့ကိုမှ အပြစ်မတင်ဖြစ်ခဲ့ပါ။

တဆစ်ဆစ်နဲ့ နာကျင်လာတဲ့ ရင်ဘတ်ကြောင့် ထပ်ပြီး
ရပ်နေဖို့လည်း မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အပေါ်ကထပ်ဝတ်ထားတဲ့ ဂျာကင်ရဲ့ အိတ်ကပ်ထဲ အေးစက်လာတဲ့ လက်နှစ်ဖက်ကို ထိုးထည့်လိုက်ပြီး လှည့်ထွက်လိုက်တဲ့အချိန် အနောက်မှာရှိတဲ့တစ်စုံတစ်ယောက်ရဲ့ ရင်ဘတ်နဲ့ ဝင်တိုက်မိသွားသည်။ အရှိန်သိပ်မပါပေမယ့် အနောက်
လှည့်ရင်း ဝင်တိုက်လိုက်မိတဲ့သူက ကိုယ်ဖြစ်တာကြောင့် စတောင်းပန်ဖို့ပြင်ရင်း ကိုယ့်ထက် အရပ်မြင့်တဲ့ တစ်ဖက်လူကို မော့ကြည့်လိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Nov 27, 2021 ⏰

Add this story to your Library to get notified about new parts!

One Shot Where stories live. Discover now