Unicode
ခြံတံခါးကို အသာတွန်းဖွင့်လိုက်သည်နှင့် ထုံသင်းပျံ့လာသော ပန်းရနံ့များ....။
အတော်အတန်ကျယ်ဝန်းသော ခြံဝင်းထဲက ရေနံချေးဝနေသော သစ်သားအိမ်ပုလေးက ဆိတ်ငြိမ်စွာပင်။
မေလကုန်မို့ ရာသီဥတုက အုံ့မှိုင်းလျက်ရှိ၏။မြေပြင်ပေါ်ပြန့်ကျဲထားပြီးသော မိုးစက်မိုးပေါက်တို့က အအေးဓာတ်ကို ဆောင်ကျဥ်းနေသည်။ပြိုကျချင်နေသော မိုးတို့နှင်အပြိုင်
မျက်ဝန်းထဲက အရည်ကြည်တို့က ပါးပြင်ပေါ်လိမ့်ဆင်း
ချင်နေ၏။မျက်တောင်တစ်ဖျတ်ဖျတ် ခပ်ရင်း မျက်ရည်စတို့ကို သိမ်းဆည်းလိုက်သည်။အဖေ......။လောကမှာ တစ်ဦးတည်းကျန်သော သွေးသားရင်း။
အဖေ့အရိပ်ကို ခိုလှုံဖို့ ရောက်လာတယ်ဆိုပေမဲ့ တကယ်တမ်းမှာတော့ သွားလေသူမိခင်၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်မိလို့သာပင်...။
နောက်ပြန်လှည့်ပြေးချင်တဲ့စိတ်တို့ကို သစ္စာဖောက်နေသည့်
ခြေထောက်များကြောင့် ရပ်နေသည့်နေရာမှာပင် မြဲမြံနေမိ၏။"သား...ဒါဖေဖေတို့အိမ် နောက်ဆို သားတို့ညီအကိုနှစ်
ယောက်နဲ့ဖေဖေတို့အိမ်ပေါ့ကွာ....."ဖျော့တော့တော့နိုင်လှသည့် အဖေ့အပြုံးကို ငေးကြည့်မိသည်။အားနာနေဟန်ရှိပြီးစိတ်မကောင်းသည့် မျက်ဝန်း
မှိုင်မှိုင်တို့ကြောင့် သဲဦးမောင် အလိုအလျောက် ခေါင်းညိတ်လိုက်မိပြန်သည်။"မင်းအကို အိမ်မှာ ရှိတယ်ထင်တယ်....တစ်ခါတည်း ဖေဖေ
သားကို ကြိုတောင်းပန်ထားချင်တာ ရှိတယ်သား....
မင်းအကိုက မင်းကို နည်းနည်းအမြင်မကြည်တာ မျိုးရှိရင်လည်း ငါ့သားဘက်က သည်းခံပေးပါလို့....အရမ်းကြီးတော့
ဆိုးဆိုးဝါးဝါးမျိုးတော့မဖြစ်စေရပါဘူး ဖေဖေ့ဘက်ကလည်း
သားကို အထိအခိုက် မခံပါဘူး...."ဦးမျိုးမောင်တစ်ယောက် မသိမသာ သက်ပြင်း ကြိတ်ချလိုက်ကာ.....
"သူ့အမေနဲ့ သူနေရချိန်က ငါ့သားထက် အများကြီး နည်းတာမို့လို့ အနည်းငယ် မေတ္တာငတ်နေရုံပါ....."