Unicode
ဘယ်ကနေ ဘယ်လို အိပ်ပျော်သွားသလဲ မသိ။ ပိန်သေးကောင် လာနှိုးမှ နိုးတော့သည်။
"ထမင်းချိုင့်ရောက်နေပြီ ထမင်းစားမယ်....."
ရှပ်အင်္ကျီပွပွနဲ့ ဒူးလောက်ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်မို့ ပိန်သေးကောင်က ပိုပြီး သေးသွားသယောင် ရှိသည်။အိမ်စရောက်ထဲက တည်တည်ငြိမ်ငြိမ်နဲ့ သူ့အိမ်သူ့ယာလိုပင်။
"ဖေဖေရော....."
"စားပြီးပြီးတဲ့...မင်းနဲ့ငါပဲ....”
"ငါမင်းနဲ့ အတူမစားချင်ဘူး...."
"ရတယ်လေ....ဒါဆို ငါအရင်စားမယ်....နောက်မှ မင်းစား"
"ဘာာာ......"
လူပါးဝတဲ့အကောင်ပဲ ။ ပိန်သေးကောင် ရှေ့ မတ်တပ်ရပ်ပြီး
ဒေါသတကြီး စိုက်ကြည့်လိုက်သည်။"ဒါ ငါ့အိမ်.....ငါ့သဘောငါ့ဆန္ဒက အရင်ဖြစ်ရမယ်။
မင်းကမှ နောက်မှပေါက်တဲ့ ရွှေကြာပင်။မင်းရော...မင်းအမေရော....."နောက်ဆုံးစကားကို တမင်ဖိပြောပြီး နှိမ်ပစ်လိုက်၏။ သူတို့သားအမိက သူ့ဖေဖေကို ခိုးတဲ့သူတွေ။ဖေဖေတင်မဟုတ် ဖေဖေ့အချစ်တွေပါ ခိုးသွားကြတာပင်။ဝိုးတဝါးပုံရိပ်တိုင်းမှာ
မေမေ အမြဲငိုနေခဲ့တာကို သူ မှတ်မိသည်။ငယ်ရွယ်စဥ်က
နားမလည်ခဲ့ပေမဲ့ သူအခု အရွယ်ရောက်လာပြီ အရာအား
လုံးကိုလည်း နားလည်နေနှင့်ပြီ။မေမေ သေရတာလည်း
သူတို့သားအမိကြောင့်ပဲ ဖြစ်ရမည်။ပြူးကြည့်မှန်းမသိ မှေးကြည့်မှန်းမသိတဲ့ အကြည့်နဲ့မော်ကြည့်လာသည်။သူ့ထက်ခေါင်းတစ်လုံးနိမ့်သည်မို့ မော်ကြည့်ရတာ မဆန်း။
"ရတယ်လေ.... ဒါဆိုလည်း မင်းအရင်စားးး"
ဟင်....။ ရုတ်တရက် ကြောင်အသွားသည့် အမူအယာကို မထိန်းလိုက်နိုင်။တစ်ခုခု သူ့ကို ပြန်ပြော ပြန်လုပ်မည်လို့ ထင်ခဲ့တာပင်။အနည်းဆုံး လက်သီးတစ်ချက်ထိုးခဲ့ရင် ဖေဖေ့ရှေ့
လုပ်ဇာတ်တစ်ခုနဲ့ ချောက်ချနိုင်မည်။အခုတော့ တစ်ကောင်ထဲ ရန်လိုနေသည့် ခွေးရူးလိုဖြစ်နေ၏။ဖျာပေါ် ပြန်လှဲသွားပြီ ဖတ်လက်စစာအုပ်ကို ပြန်ဖတ်နေသည်မှာ အေးအေးလူလူ ရှိလှသည်။ဒီကောင် မနာတတ်တာ သေချာသည်။ကြွက်သေလို ဝင်စားတဲ့ကောင်မှ ကြွက်သေလို့ ဝင်စားတဲ့ကောင် အစစ်။

YOU ARE READING
အမှောင်ထုကြားက လင်းလက်ခြင်း
Romantizmစားရေးသူ၏ စိတ်ကူးသက်သက် ဖန်တီးမှုသာ ဖြစ်ပါသည်။