Unicode
ဟန်မြစ်ပေါ်သို့ မိုးရေစက်များ လွင့်ခနဲ လွင့်ခနဲ နစ်မြှုပ်ကျဆင်းနေသည်
နွေရာသီဖြစ်စေ မိုးရာသီဖြစ်စေ ဘယ်တော့မှ ထီးဆောင်းလေ့မရှိသော ကျွန်တော့်ကို ခါတိုင်းလို တကျက်ကျက် ဆူပူမည့်သူမရှိ
စိုစွတ်စွတ် ခန္ဓါကိုယ်ကြောင့် ဓါတ်လှေကား မစီးတော့ပဲ ၅ ထပ်အထိ ခြေကျင်တက်လာလိုက်သော်လည်း အထီးကျန်ခြင်းက မောပန်းခြင်းကို တစ်ဖက်သတ်အနိုင်ယူနေသည်
ချမ်းစိမ့်နေတဲ့ လေအေးကြောင့် အိတ်ကပ်ထောင့်ထဲက အိမ်သော့ကို ကပျာကသီထုတ်လိုက်သည် ဤသော့ကို ဖွင့်မည့်သူသည် ယခုအခါ ကျွန်တော်မှ တစ်ပါးအခြားသူမရှိတော့
သော့ခတ်ထားသော အခန်းတံခါးငယ်လေးကို ဖွင့်လိုက်သည်နှင့် နွေးထွေးပျော်ရွှင်စွာ ကြိုဆိုမည့်သူမရှိသော တိုက်ခန်းငယ်လေးက တိတ်ဆိတ်ငြိမ်သက်နေသည်
မှောင်ပိတ်နေသော အခန်းငယ်ထဲကို စမ်းတဝါးဝါးဖြစ်မနေပဲ နံရံထောင့်က မီးခလုတ်ကို ဆွဲချလိုက်သည်
လင်းလက်လာသော အခန်းငယ်လေးထဲမှာ နံရံကပ်မှန်မှာ ရောင်ပြန်ဟပ်နေသော စိုကပ်ကပ်ဆံပင်တို့နဲ့ အသက်မဲ့နေသော မျက်ဝန်းတစ်စုံကို ရုတ်ချည်းမြင်ရသည်အိမ်ခန်းတစ်လျှောက် ဘာရယ်မဟုတ် ဟိုသည်စူးစမ်းကြည့်မိသည် သူမြန်းပြန်ရောက်နေမလား ဆိုသော ခပ်ရူးရူး အတွေးတစ်ခုနှင့်..
တစ်ခုတည်းသော အိပ်ခန်းက တံခါးရွက်စေ့ပိတ်လျက်ရှိသည်.. အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် သူ့ကို နမ်းရှိုက်လိုက်တိုင်း ရလေ့ရှိတဲ့ သူ့ကိုယ်သင်းနံ့ ချိုချိုက နှာခေါင်းထက်မှာ အပြေးအလွား လာရစ်တွယ်သည်က လွမ်းဆွတ်နာကျင်စရာ
အိပ်ခန်းထဲမှာ တို့လို့တွဲလောင်း ချိတ်ဆွယ်ထားသော အကျီတွေ ဘောင်းဘီတွေ ပုံကျနေသည် သောက်လက်စ အရက်ဖန်ခွက်တွေ ဆေးလိပ်တိုတွေလည်း ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည်
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )