Unicode ver
မင်္ဂလာပွဲအတွက် ပြင်ဆင်စရာအားလုံးနီးပါးပြင်ဆင်ပြီး တစ်ပတ်တိတိအလိုမှာ အကိုနဲ့အတူ ဂျယ်ဂျူဒိုကို ခရီးထွက်ဖြစ်သည်
မရောက်တာကြာပြီဖြစ်တဲ့ ဂျယ်ဂျူဒိုဟာ ပင်လယ်လှိုင်းသံသဲ့သဲ့တို့နဲ့ လှိုက်လှဲစွာ ကြိုဆိုနေတုန်း
လမ်းတစ်လျှောက် စီတန်းနေတဲ့ သစ်ပင်စိမ်းတွေနဲ့ သဘာဝပန်းပွင့်တို့ရဲ့ အလှတရားကို လျစ်လျူရှုရင်း လက်တစ်ဖက်တည်းနဲ့ စတိုင်ကျစွာ ကားမောင်းနေတဲ့ အကို့ကိုသာ ငေးမောနေမိသည်
ကျွန်တော့်လက်တစ်ဖက်ကို မလွတ်တမ်း ကိုင်ထားတဲ့အကိုက စိတ်ကူးပေါက်ရင် ပေါက်သလို နှုတ်ခမ်းထူထူတို့နဲ့ ငုံ့နမ်းတတ်သေးသည်
"အကို"
"ဟင်?"
ကျွန်တော် ခေါ်တော့ နေကာမျက်မှန်အောက်က အကို့ရဲ့ မျက်လုံးမှေးမှေးလေးတွေက ကျွန်တော့်ကိုကြည့်သည်
"ကပြ"
အကိုက ကျွန်တော့်ဆီမှ တစ်ဖန် ကားလမ်းပေါ်သို့ အကြည့်ပြန်လွဲလိုက်ပြီး ရယ်မောသည်
"ရုတ်တရက်ကြီး?"
"အင်း ဒီတိုင်းလေးအကို့ အက ကို လွမ်းလာလို့"
အကိုက ရယ်မောခြင်းကို ရပ်တန့်ပြီး ဆုပ်ကိုင်ထားတဲ့ ကျွန်တော့်လက်ဖမိုးကို နူးညံ့စွာ အနမ်းချွေပြန်သည်
"ကပြမယ်မလား?"
"ကလေး မြင်ချင်ရင်ပေါ့"
ကျွန်တော်ပြုံးလိုက်မိပြီး အားကျမခံ ကျွန်တော့်လက်ထဲက အကို့ရဲ့ လက်ဖမိုးလေးကို ငုံ့နမ်းလိုက်သည်
"ဟင်းးး ဆေးလိပ်နံ့ကြီး!!!!"
အကိုက တဟားဟားရယ်မောပြီး ကျွန်တော့်ပါးကို ဆွဲညစ်သည်
"ဆေားရီးပါ ကလေးရယ် ခုဏက တစ်လိပ်သောက်လိုက်မိတာ"
ကျွန်တော် နှာခေါင်းရှုံ့ပြတော့ အကိုက ကျွန်တော့်နှာခေါင်းကို သာသာလေးဆွဲညစ်ပြန်သည်
"ဟော ဘယ်လိုဖြစ်နေတာလဲ လူကို ဟိုဆွဲဒီညစ်နဲ့ ဆန်မုန့်မြန်း ထင်နေလား?"
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )