Unicode ver
ခမ်းနားသော စံအိမ်တော်ကြီးထဲကို အသက်အလယ်ပိုင်းခန့် ခပ်သန့်သန့် ပုဂ္ဂိုလ်တစ်ဦးဝင်လာသည်
ထိုပုဂ္ဂိုလ်နောက်မှာတော့ အနည်းငယ်ကြောက်ရွံ့နေပုံရတဲ့ အသက် ၈ နှစ်အရွယ်ကလေးတစ်ယောက် ကပ်ပါလာတယ်
ကြီးကျယ်ပြောင်လက်နေသော အဆင်တန်ဆာ မျိုးစုံဟာ ကောင်လေးရဲ့ ဟောင်းနွမ်းနေတဲ့အဝတ်အစားတွေနဲ့ စုတ်ပြဲစပြုနေပြီ ဖြစ်တဲ့ ဖိနပ်တစ်စုံကို ပိုပေါ်လွင်စေတယ်
အိမ်ထိန်းတွေ အိမ်ဖော်တွေက ကောင်လေးကို စပ်စပ်စုစုကြည့်ကြတယ်
ပွစိပွစိ အတင်းလည်း တုပ်ကြရင်းပေါ့ကောင်ကလေးက ဒါတွေကို ဂရုမစိုက်နိုင်
ကောင်ကလေး ဂရုစိုက်တာ တစ်ခုတည်း...
'ချစ်ရတဲ့ ကောင်လေး အဆင်မှပြေရဲ့လား'.......................................
တတိယထပ်က အခန်းတစ်ခန်းကိုရောက်တော့ ဦးလေးက ယဥ်ကျေးမှုအရ တံခါးနှစ်ချက်ကို သာသာလေးခေါက်သည်
အထဲက အမျိုးသမီးတစ်ယာက်ရဲ့ 'ဝင်ခဲ့' ဆိုတဲ့ အသံကိုကြားရသည်နှင့် ဦးလေးက တံခါးကိုဖွင့်သည်
အခန်းထဲက အိပ်ရာ ကျယ်ကျယ်မှာ ကျွန်တော့်ကလေးငယ်က လှဲလျောင်းနေသည်
လက်မောင်းမှာလည်း ဆေးအပ်တွယ်ထားရသော ကလေးငယ်ဟာ ကျွန်တော့်ကိုတွေ့တော့ အားအင်ချိနဲ့စွာပြုံးရှာတယ်ကုတင်နံဘေးက အမျိုးသမီးငယ်ငယ်က ကျွန်တော့်ကို မျက်ထောင့်နီနီနဲ့ စိုက်ကြည့်နေသည်
"အဲ့ဒါ YeonJun ဆိုတဲ့ကလေးလား?"
"ဟုတ်တယ်"
ဦးလေးက သူမရဲ့ အမေးကို ဖြေပေးပြီး ကျွန်တော့်ကို ကလေးငယ်ရဲ့ ကုတင်ဘေးဆီခေါ်သွားတယ်
"အကို.."
အသံလေး ဖျော့တော့တော့နဲ့ ကလေးငယ်ဟာ ကျွန်တော့်ကို သူခေါ်နေကျ နာမ်စားလေးနဲ့ ခပ်တိုးတိုးခေါ်ရှာတယ်
"ဆူဘင်း ဘယ်လိုဖြစ်ရတာလဲ?"
ကလေးငယ်ဟာ ပြုံးရုံသာ ပြုံးပြတယ်
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )