Unicode Ver
"အကို ပြောတော့ ကလေးဘဝက မှတ်ဥာဏ်တွေမရှိဘူးဆို?"
ကလေးငယ်က မျက်လုံးအိမ်ကလေးတွေ ကျယ်လို့ စူးစူးစမ်းစမ်း မေးမြန်းရှာတယ်
"အင်း အရင်ကပေါ့"
"ဘယ်တုန်းက ပြန်သတိရသွားတာလဲ ?
ဘာလို့ ကျွန်တော့်ကို ဘာမှမပြောတာလဲ?
အကိုက အဲ့လိုပဲ အမြဲလျှို့ဝှက်ချက်တွေနဲ့"နှုတ်ခမ်းလေးစူကာ မျက်ခုံးလေးတွေ တွန့်ချိုးနေတဲ့ ချစ်စရာအတိနဲ့ ကလေးငယ်ရယ်
မနေနိုင်စွာနဲ့ ပါးအိအိလေးတွေကို အသာလေး ညစ်ဆွဲမိတော့ မျက်ခုံးလေးတွေကို ပိုလို့တွန့်ချိုးပြလေရဲ့"ကဲပါ ကိုယ်ပြောတာ အရင်နားထောင်ပါဦး"
ကလေးငယ်က ဘာမှမပြောပေမယ့် ရှင်းပါဦး ဆိုတဲ့အထာနဲ့ မျက်စပစ်ပြသေးတယ်
"ကိုယ် အသက် ၁၂ လောက်ကတည်းက ကိုယ့်မှတ်ဥာဏ်တွေကို ဝိုးတဝါးမှတ်မိနေပြီ ကိုယ် အထက်တန်းအရွယ်လောက်ရောက်တော့ ကိုယ့်ကိုကောင်မလေးတစ်ယောက်လာရှာတယ်
သူက ကိုယ့်အစ်မတစ်ဝမ်းကွဲတဲ့
ကိုယ့်ရဲ့ ဦးလေးက ဆုံးသွားပြီဆိုပြီး ကိုယ့်ကိုလာပြောတာ""ဦးလေး? အကို့ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့တဲ့ လူကြီးလား?"
"ဟုတ်တယ်..
ဦးလေးက သူ့ကုမ္ပဏီဒေဝါလီခံရတော့မလို ဖြစ်နေတာ
ကိုယ့်မိဘတွေ မတော်တဆဆုံးသွားတော့ သူက ကိုယ့်မိဘရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းလိုက်တယ် ပြီးတော့ မှတ်ဥာဏ်မရှိတော့တဲ့ ကိုယ့်ကိုတော့ ဦးလေးရဲ့မိန်းမက အပိုကလေး ထပ်မမွေးချင်ဘူးဆိုပြီး ငြင်းထုတ်တော့ ဦးလေးက မိဘမဲ့ဂေဟာ ပို့လိုက်တယ်ပေါ့""ယုတ်မာလိုက်တာ ကျွန်တော့်အကို သနားပါတယ်"
YeonJun သဘောတကျရယ်တော့ ကလေးငယ်က YeonJun ပါးနှစ်ဖက်ကို အသာလေး ညစ်ဆွဲသည်
"ဘာရယ်နေတာလဲ
သူများက ကိုယ်ချင်းစာလို့ပြောပေးနေတာကို""ဟားဟား ဟုတ်ပါပြီ ကိုယ့်ကလေးငယ်ရယ်
ဒါပေမယ့် ကိုယ်ကတော့ မိဘမဲ့ဂေဟာမှာ ပစ်ထားတဲ့ဦးလေးကို သိပ်ကျေးဇူးတင်တာ"
YOU ARE READING
𝕄𝕖𝕞𝕠𝕣𝕚𝕖𝕤 𝕄𝕒𝕫𝕖 (𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 )