Unicode
ကျိုးချန်ခမျာ ဖွင့်ပြောဖို့နေနေသာသာ အရှေ့က အစားပုပ်မလေး မနင်ဖို့အရေး ရေခပ်ပေးရတာနဲ့ ဟင်းတွေထည့်ပေးရတာနဲ့ အဝေးရောက်နေတာတောင် နှောင့်ယှက်နိုင်လွန်းတဲ့ ညီဖြစ်သူကတစ်မျိုး ဖုန်းလှမ်းဆက်ပြီး ဝမ်ချင်နဲ့ ဘာညာသာရက ပြောနေသည်လေ။
ခဏကြာတော့ ဟိုဘက်က ဝမ်ရိပေါ်တစ်ယောက် မနေနိုင်တော့ဘူးထင်ပါတယ် ဖုန်းကိုခွပ်ခနဲချသွားတယ်။ ငါမင်းကို အားပဲကျရတော့မလား ဝမ်ရိပေါ်ရာ တွေ့တာ ဘယ်လောက်မှမရှိသေးဘူး ငါ့ညီကိုမရရအောင်ယူနိုင်တယ်နော်။
"ဟော ချသွားပြီတော်"
"ချမှပဲ ငါတို့နှစ်ယောက်အရေးပေါ်ဌာနကြီးတစ်ခုလုံးကို ပစ်ထားခဲ့တာ သတိရဦးနော်"
"ဟုတ်သား ဘယ်နှနာရီတွေထိုးကုန်ပြီလဲ သွားကြမယ် အာ့ဆို"
"အေးပါ"
ပြန်လာတော့ အရေးပေါ်ဌာနတစ်ခုလုံး မျန်မျန်ရဲ့ အော်သံဆူသံနဲ့ ကလေးတစ်ယောက်ကပါ အော်ငိုနေသေးတယ်။
"ဘယ်လိုဖြစ်လို့ ဆေးကိုမှားပေးရတာလဲ!"
"စစ်ကျွေး ဒီလူနာ နင်ပဲလာကြည့်တော့"
"ဟိုတစ်ယောက် နင်ထိုးလိုက်တာ ဘာဆေးလဲ"
"ကေလးတစ်ယောက်တောင် ကောင်းကောင်းမချီနိုင်ရအောင် နင့်လက်ကပဲ့နေလို့လား ဘယ်လိုလုပ် လွတ်ကျရတာလဲ"
"အူးးးးးဝါးးးးးး"
ဝမ်ချင်တစ်ယောက် အစာတောင်မကြေချင်တော့ဘူး။ ဘယ်လိုတောင် ဝရုန်းသုန်းကားတွေဖြစ်နေကြတာလဲ။
"အစ်မဝမ်ချင် ဒေါက်တာကျိုးချန် ရပ်မနေကြနဲ့လေ ဒီမှာ ကျွန်မမူးနေပြီ လူနာကို ဆေးမှားထိုးမိလို့တဲ့ ဒီမှာဂန့်နေပြီ လာကြည့်ဦး"
ဆေးမှားထိုးလိုက်မိတဲ့လူနာကို ကျိုးချန်ကကြည့်ကာ ဝမ်ချင်က ကလေးကိုအငိုတိတ်အောင်ေချာ့နေသည်။ စစ်ကျွေးက ပြဿနာမရှိပေမဲ့ အလုပ်သင်နှစ်ယောက်ရဲ့ တလွဲလုပ်ပုံနဲ့တင် မျန်မျန်တစ်ယောက် လဲတော့မည်။
အရေးပေါ်ဌာနတစ်ခုလုံး ဗြောင်းဆန်နေလေသည်။ မုန့်ယောင် တောင်ရောက်နေပြီး ကူနေရသည်။
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.