Unicodeတစ်ဘဝစာလောက် ကြာနေတဲ့ အစည်းအဝေးကြောင့် ဝမ်ရိပေါ်တစ်ယောက် စိတ်မရှည်တော့ပေ။ ကော ထမင်းရောစားပြီးပြီလား မသိဘူး။ ခေါက်ဆွဲပြုတ်ပဲစားနေမှာတော့ မဟုတ်ပါဘူးနော်။
ဒါက သူ့အတွေး...အစည်းအဝေးမှာထိုင်နေတဲ့လူတွေကတော့ ပုံမှန်ထက် အချိန်တိုလွန်းနေတဲ့ အစည်းအဝေးကြောင့် ဖင်ပူအောင်တောင်မထိုင်ခဲ့ရ။ စီအီးအိုက ဒီဇိုင်နာတွေတင်ပြတဲ့ ဒီဇိုင်းကိုအသစ်ပြင်ဆွဲဖို့ပြောပြီး ကုမ္ပဏီက ဝန်ထမ်းတော်တော်များများကိုပါ ထုတ်ပစ်လိုက်တယ်။ ဘာလို့ဆို တော်တော်များများက အကပ်နဲ့ဝင်လာပြီး ဘာမှမလုပ်တတ်မကိုင်တတ်လို့ပေ။ ဝန်ထမ်းအသစ်တွေခန့်မယ်ဆိုပြီး ပြီးတာနဲ့ထွက်သွားတော့တာ။
တစ်ချို့ ဒါရိုက်တာတွေနဲ့ အခြေအတင်ဖြစ်ခဲ့ပေမဲ့လည်း စီအီးအိုဝမ်ကတော့ အေးအေးဆေးဆေးနဲ့ပင် ပြဿနာကိုဖြေရှင်းလိုက်သည်။ ကားပေါ်တက်ပြီး ဒါရိုင်ဘာကို ဆေးရုံကိုအမြန်မောင်းခိုင်းတော့ ကျင်းရီကပါ ယောင်လည်လည်နဲ့ ကားပေါ်ပါလာလေသည်။
"စီအီးအို ထိခိုက်ထားလို့လား ခုနက အစည်းအဝေးမှာလည်း နည်းနည်း ဂနာမငြိမ်သလိုပဲ ဗိုက်နာလို့လား"
"ငါဘာမှမဖြစ်ဘူး"
"အာ့ဆို ဆေးရုံကိုဘာလို့လဲ"
"တွေ့စရာလူရှိလို့"
ဆေးရုံရောက်တော့ အရေးပေါ်ဌာနထဲဝင်သွားတဲ့ စီအီးအိုကြောင့် သူလည်း ဘာမသိညာမသိ လိုက်ဝင်လိုက်သည်။ ငါ့အစ်ကိုနဲ့တော့ မတွေ့လောက်ပါဘူးနော်။
တစ်နေရာအရောက် တုံ့ခနဲရပ်သွားတဲ့ စီအီးအို။ သူကြည့်နေတဲ့နေရာကို ကြည့်လိုက်တော့ သူတို့ကိုကျောပေးထားတဲ့ လူတစ်ယောက် အဲ့လူရဲ့ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ဆရာဝန်လေးနှစ်ယောက်ကို အခုချက်ချင်း သတ်ပစ်တော့မယ့် ပုံနဲ့ ကြည့်နေတာ ဘေးနားက သူတောင်အေးလာပြီ။ ဟိုနှစ်ယောက်ကလည်း မြင်သွားပြီး လန့်သွားတယ်။သူတို့ကများ ငါ့ကောကို ထိရဲတယ်။ ဒီယုန်ကြီးကလည်း အဲ့တာကို ငြိမ်ခံနေရလား။ ကျန့်ကောထိ ဝမ်ရိပေါ်ကြည့်တဲ့ မင်းတို့သေပြီသာမှတ်။
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfiction1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.