Unicodeဝမ်ရိေပါ်- အပိုင်းကဖြင့် ၂၀ ကျော်နေပြီ အခုထိဘာမှမဖြစ်သေးဘူး ငါဘယ်တော့နမ်းရမှာလဲ
Author-လာပါပြီလို့👀
............ရိပေါ် ရောက်လာတော့ ဝမ်ချင်က ဖြစ်ပျက်သမျှအကုန်ပြောပြလိုက်သည်
ဝမ်ချင်ပြောတာနားထောင်နေတုန်း ရှောင်းကျန့်က ထွက်လာသည်
"ရိပေါ် ရောက်လာပြီလား သွားမယ်လေ"
ရိပေါ်က ဘာမှပြန်မပြောဘဲ ရှောင်းကျန့်နားသွားကာ ကိုယ်ကိုစစ်ဆေးကြည့်သည် ဘယ်နေရာထိသွားသေးလဲပေါ့
"ခေါင်းကနာနေလား"
"ဝမ်ချင် နင်အရမ်းလျှာရှည်တာပဲ"
သူမေးတာကို မဖြေဘဲ ဝမ်ချင်ကိုရန်လုပ်နေတဲ့ ကောကို နောက်တစ်ခါထပ်မေးလိုက်သည်
"ခေါင်းနာနေလား"
"မနာပါဘူး နည်းနည်းလေးဆောင့်မိရုံဘဲ"
"သွားရအောင်"
"အင်း"
ရိပေါ် အဲ့အကြောင်းကြားပြီးကတည်းက ရုပ်တည်ကြီးဖြစ်သွားတာ အခုထိအဲ့အတိုင်းပဲ
ကားမောင်းနေရင်းနဲ့ တဖြည်းဖြည်း အရှိန်မြန်လာသလိုလို
"ရိပေါ် ဖြေးဖြေးမောင်းဦး"
ရှောင်းကျန့် ပြောကာမှ အရှိန်ပြန်လျှော့လိုက်သည်ထင် ပုံမှန်နှုန်း ပြန်ဖြစ်သွားသည်
တစ်လမ်းလုံး ရိပေါ်ဘာစကားမှမပြောပေ
ရှောင်းကျန့်လည်း ပင်ပန်းထားတာမို့ အိပ်ပျော်သွားသည်ကားရပ်လိုက်တော့ ရှောင်းကျန့်အိမ် မဟုတ်ပေ
ရိပေါ်ခေါ်လာတာက သူအရင် အဖေနဲ့အမေ ရှိတုန်းက နေခဲ့တဲ့အိမ် အဖေတို့မရှိတော့တဲ့ နောက်ပိုင်း သူကတိုက်ခန်းမှာသွားနေတာ သူ့အစ်ကိုပဲနေတော့တာ အခု ရှီးချန်က ဆေးရုံမှာဆိုတော့ အိမ်မှာ ဘယ်သူမှမရှိဘူးပေါ့ကောကို ဟိုနေရာမှာ တစ်ယောက်ထဲအမြဲတမ်းထားခဲ့ရတာ စိတ်မချဘူး အဲ့လိုဆိုပြီး သူ့တိုက်ခန်းကို ခေါ်သွားဖို့ကြတော့လည်း ကျဥ္းလွန်းတယ် အနေခက်လိမ့်မယ် ဒီနေရာကိုပဲ ခေါ်လာဖို့ သူစဥ်းစားမိတော့တာ
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfic1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.