Unicodeရှောင်းကျန့် ကျိုးချန်ကိုပြောပြီးတော့ အိမ်ပြန်လာခဲ့သည်။ ဘတ်စ်ကားပဲစီးရတာပေါ့ လက်က ဒဏ်ရာမှ မပျောက်သေးတာ။
ညအရမ်းမမှောင်ခင်ပြန်လာတာဆိုတော့ သိပ်တော့ ကြောက်စရာမရှိ။ အိမ်တံခါးဖွင့်ကာ အဝတ်တောင်မလဲနိုင် အိပ်ရာပေါ်လှဲချကာ မျက်လုံးမှိတ်လိုက်တော့သည်။ ဘာလို့ဒီနေ့မှ
ဒီလောက်ပင်ပန်းနေရတာလဲ။"ရိပေါ် မင်းပြဿနာရှာခဲ့တယ်ဆို"
စခန်းရှိ အဖွဲ့မှူးနျဲ့ကမေးလိုက်ခြင်းဖြစ်သည်။ ကြည့်ရတာ ကြားပြီးပြီထင်ပါရဲ့။
"အင်း ကျွန်တော်သူ့ကို မသကင်္ာလို့"
"ငါမင်းကို သည်းခံလို့ပြောထားရဲ့သားနဲ့"
"သူက မျက်မြင်သက်သေကိုသွားတွေ့နေတာကို ကျွန်တော်က စိတ်မချလို့ပါ"
"အခုဘယ်လိုလုပ်မှာလဲ အမှုကို သူ့ကိုပေးလိုက်တဲ့ အထက်ကအမိန့်ကျလာတယ်"
"ပေးဆိုလည်း ပေးတာပေါ့"
"ဘာ"
"သူဘယ်တော့ ဖမ်းမိမလဲ ကျွန်တော်စောင့်နေမယ် အရင်ကဘယ်လောက်ပဲတော်နေပါစေ ဒီအမှုမှာတော့ သူကံမကောင်းနိုင်ဘူး"
"သူဖမ်းမိသွားရင်ရော"
"အဲ့လိုဖြစ်မှာမဟုတ်ဘူး"
"ဘာလို့ဒီလောက် သေချာနေတာလဲ"
"ဘာလို့ဆို သူ့ထက်ကျွန်တော်က ဒီအမှုကို ကောင်းကောင်းသိလို့ပေါ့"
............"ဟယ်လို ဝမ်နင် ငါ့အကိုရော"
"အဆင်ပြေပါတယ်"
"မင်းကြည့်ပေးထားလား"
"ဒါ...ဒါပေါ့"
"မင်းဘယ်မှာလဲ"
"ငါလူနာခန်းမှာလေ"
"ညာမပြောနဲ့ မင်းဘယ်မှာလဲ"
"ဟို...အရေးပေါ်ဌာနမှာ"
"အဲ့မှာ ဘာလုပ်နေတာလဲ မင်းကို ငါ့အကိုကို
ကြည့်ခိုင်းထားတာလေ""စိတ်ချပါကွ မင်းအကိုကိုကြည့်ပေးနေတဲ့သူရှိတယ်"
"ဘယ်သူလဲ"
YOU ARE READING
အသက်နှင့်လဲ၍ (Completed)
Fanfic1st Fiction❤️ Author - Emma🌟 (MeiXing) Cover is not mine. Full Crd.