Unicode
" Jung Kook!!! သတိထားးးးးး "
Jin အော်သံအဆုံး Jin Namjoon ပေါ်ကခုန်ဆင်းကာ Jung Kook ကိုတွန်းထုတ်လိုက်တယ်။
" အာ့!!!! "
"Hyung!!!!!!! "တစ်ဖက်ကိုချော်လဲကာသစ်ပင်နဲ့တိုက်မိသွားတဲ့တျောက်နဲ့မြွေပေါက်ခံလိုက်ရတဲ့တျောက်။သူတို့နှစ်ယောက်လုံးဟာမြေပြင်မှာလဲလျက်သား။
Yoongi နဲ့ Hoseok က Jung Kook ရှိရာကိုပြေးသွားပြီး Namjoon ကတော့ Jin နားကိုရောက်လာခဲ့တယ်။
" Hyung!!! "
" Jung Kook!!! "
Yoongi Namjoon ကိုလှည့်ကြည့်ကာပြောလိုက်တယ်။
" Jung Kook သတိမေ့သွားပြီ။ "
" Jin hyung ကျတော့ရော။သူကမြွေပေါက်ခံလိုက်ရတာနော်။ သူ့ကိုတျောက်လောက်ကယ်ကြပါအုံး "
yoongi လည်း Jung Kook နားမှထွက်လာကာ Jin ဆီကိုလာခဲ့တယ်။
" အဆိပ်ကိုထုတ်ရမယ် Namjoon "
Namjoon လည်းမြွေပေါက်ခံရတဲ့ခြေသလုံးကိုကိုင်ကာကြောင်ကြည့်နေတယ်။
" yoongi hyung "
" ဘာလဲ? "
" ပေါက်ရာမရှိဘူး "
" ဟမ်!!!ပြစမ်း "
Yoongi Jin ရဲ့ခြေထောက်နှစ်ဖက်လုံးကိုကြည့်တော့ဘာအရာတစ်ခုမှမတွေ့။ သူအခုမှသတိထားမိတာက
" မြွေရော "
" ဟမ်!!! "
" မြွေရောလို့။ Jin hyung ကိုပေါက်သွားတဲ့မြွေလေ။ အဲ့ကောင်အခုဘယ်ရောက်သွားတာလဲ?ဘာလဲပေါက်ပြီးတာဝန်မယူချင်လို့ရှောင်ထွက်သွားတာလား? "
" Yoongi hyung အခုဘယ်လိုလုပ်မလဲ? မြွေပေါက်ရာမတွေ့ပေမဲ့ Jin hyung ကဘာလို့သတိမရသေးတာလဲ? "
" ငါလည်းမသိဘူး။ မင်း Jin hyung ကိုသယ်ခဲ့။ ငါနဲ့ Hoseok Jung kook ကိုသယ်မယ်"
"ဟုတ် "
Yoongi နောက်ကိုလှည့်ကြည့်လိုက်တော့
" Hoseok!!!!!!!!!ရော သူဘယ်မှာလဲ? "
" ဟာ Hoseok ကဘယ်ထွက်သွားတာလဲ? "
အားလုံးမှာစိုးရိမ်တကြီးဖြင့်ရုတ်တရက်ပျောက်သွားတဲ့ Hoseok ကြောင့်သံသယအချို့ပါဝင်လာပြီ။

YOU ARE READING
No Trip Way Back✔
HorrorNo one can survive, Who can escape? Horror Fanfiction MY OWN CREATION // DON'T COPY// BOTH UNICODE & ZAWGYI✅