ဖြစ်ရပ်တစ်ခု-2

667 59 18
                                    

Unicode

အဟမ်း...

သရဲမှတ်တမ်းလေးနဲ့ပတ်သတ်ပြီးစာဖတ်သူတို့ကိုအတွေ့အကြုံအဆန်းလေးရအောင်အေးလိုက်ခြင်းဖြစ်ပါတယ်...

ဒါလေးကအဝုရဲ့အသိအန်တီတျောက်ကြုံတွေ့ခဲ့ရသောအဖြစ်လေးဖြစ်ပါတယ်...

ညအချိန်အားဖြင့်8နာရီကျော်~~

ဒေါ်လေးဖြစ်သူကညစာစားပြီးအိမ်ရှေ့လမ်းတွင်လမ်းလျှောက်နေလိုက်တယ်။ လမ်းလျှောက်ရင်းနဲ့ပင်ဖုန်းပြောနေလိုက်တယ်။ ဒေါ်လေးကလမ်းလျှောက်ရင်းအိမ်ခေါင်းရင်းဘက်ထိရောက်သွားတာပေါ့။ အဲ့မှာဇာတ်လမ်းစတာ~~

ရုတ်တရက်မီးပျက်သွားခြင်းပင်။ ဒေါ်လေးလည်းဖုန်းမီးနဲ့ပြန်လာဖို့လုပ်တုန်းမှာပင်...

" အားးးး!! "

တစ်စုံတျောက်ကတွန်းထုတ်လိုက်တာကြောင့်နောက်ကချောက်ကြီးထဲပြုတ်ကျသွားခြင်းပင်။ ထိုချောက်ကအနောက်တောအုပ်နဲ့ဆက်ထားခြင်း။ ထိုအောက်တွင်ငှက်ပျောပင်တွေပေါက်နေပြီးပိတောက်ပင်လည်းရှိနေတယ်။ မြက်တွေလည်းထူထပ်စွာပေါက်နေတယ်။ ထိုချောက်ကဘာမှအသုံးမပြုတဲ့အတွက်ထိုချောက်ထဲတွင်ပုလင်းကွဲခွံတွေမှန်ကွဲစတွေနဲ်တခြားသောအမှိုက်များစုပုံရှိနေခြင်းပင်။

ဒေါ်လေးမှာထိုထဲပြုတ်ကျပြီးသတိမေ့မြောသွားချိန်မီးပြန်လာခဲ့တယ်။ အနီးနားခြံကအသံကြားကာမှထိုချောက်နားသွားကြည့်တော့ချောက်ထဲမှာဖုန်းမီးကိုမြင်လိုက်ရတာကြောင့်လူတွေရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီးမီးတွေထိုးကြည့်မှမှန်ကွဲစတွေကြားမှာသွေးတွေနဲ့သတိလစ်နေသောဒေါ်လေးကိုတွေ့လိုက်ရတဲ့အဖြစ်~~

ဒေါ်လေးကိုဆေးရုံတင်တော့ မျက်နှာကတော်တော်ထိသွားတယ်။ လက်လည်းကျိုးသွားတာမို့အိမ်သားတွေကစိတ်ပူကုန်ကျရော။ ဘယ်လိုကြောင့်ချောက်ထဲကျသွားမှန်းမသိ။ နောက်တော့ဒေါ်လေးသတိရလာသောအကြောင်းစုံကိုပြောပြတယ်။ သူသတိမေ့နေချိန်အိမ်မက်မက်ခဲ့တဲ့အကြောင်းရောပေါ့။

သူပြောတာက...

အိမ်မက်ထဲမှာအမျိုးသမီးတစ်ဦးကလာတောင်းပန်တယ်တဲ့။ ချောက်ထဲကိုတွန်းချတာသူပါတဲ့။ ဘာလို့တွန်းချတာလဲဆိုတော့ လူမှားပြီးတွန်းချမိတာတဲ့လေ။ ဒေါ်လေးလည်းဘာမှပြောမနေတော့ပဲထိုအမျိုးသမီးကိုခွင့်လွှတ်ပေးလိုက်တယ်။

No Trip Way Back✔Où les histoires vivent. Découvrez maintenant